( 12 ) U / Z

41.6K 1.5K 109
                                    

U~

" 'မင်းခ' "

" အင်း.. "

'ရောင်ခြယ်' နားနေခန်းထဲ ဝင်လာရင်း
စားပွဲခုံပေါ်က ပန်းအိုးထဲရှိ နေကြာပန်းကို
ထိုင်ကြည့်ရင်းငိုင်နေသည့် 'မင်းခ'ကို
ခေါ်လိုက်တော့ နေကြာပန်းဆီက အကြည့်မလွဲဘဲ ပြန်ဖြေလာသည်။

" မင်းဒီတိုင်းဘဲနေတော့မှာလား "

" ဒီတိုင်းမနေလို့ ငါက.. ကနေရမှာလား "

" စကားကောင်းပြောမလို့ မျက်ခွက်မပြောင်နဲ့ "

စေတနာမရှိအောင် တအားလုပ်တာ..
ငိုင်သာငိုင်နေတာ မျက်ခွက်ပြောင်ဖို့တော့မမေ့..
'ရောင်ခြယ်' ဘေးကခုံကို
ဆွဲယူကာ ဝင်ထိုင်လိုက်သည်။

" မင်းရဲ့နှလုံးသားရေးရာကို ပြောတာ
ငါက မင်းကိုဒီလိုဘဲ တစ်သက်လုံး
နေသွားတာမျိုး မဖြစ်စေချင်ဘူး "

" ငါသူ့ကိုချစ်တယ် 'ရောင်ခြယ်' "

" အင်း... ငါသိတယ်
ဒါပေမယ့် သူလည်းသူ့ဘဝနဲ့သူပျော်နေပြီလေ
မင်းလက်လွှတ်လိုက်ပြီးပြီမဟုတ်လား
ငါတော့ မင်းရဲ့နှလုံးသားကို Move on
လုပ်စေချင်တယ် "

" မလွယ်ဘူး "

" မလွယ်တာငါသိတယ်
'မင်းခ' မင်းလည်း အချစ်ခံဖို့ထိုက်တန်တဲ့
လူတစ်ယောက်ပဲ မင်းနှလုံးသားကို
အမြဲတမ်းပိတ်လှောင်မထားစေချင်ဘူး "

" ငါကြိုးစားမှာပါ "

" ဒေါက်တာတို့!! အရေးပေါ် "

Nurse တစ်ယောက်က အပြေးလာကာ
ပြောသလို ဆေးရုံ၏ အရေးပေါ်အချက်ပေးသံမှာလည်းဆူညံစွာ ထွက်ပေါ်လာသည်။ 'မင်းခ' နှင့် 'ရောင်ခြယ်' အခန်းထဲမှအမြန်ပြေးထွက်လာ
ကြသည်။ ထိတ်လန့်စရာမြင်ကွင်း....
လူအများအပြားဟာသွေးသံတရဲရဲဖြင့်...

" ဆရာမ ဘယ်လိုဖြစ်တာလည်း "

'မင်းခ' ဘေးကဆရာမတစ်ယောက်ကို
လက်မောင်းမှဆွဲကာ မေးလိုက်ရသည်။

" လေယာဉ်ပျက်ကျတာ ဒေါက်တာ "

" 'မင်းခ' လုပ်..လုပ်.. ခွဲခန်းဝင်ဖို့ပြင် "

'ရောင်ခြယ်' ‌က ပြောရင်းဖြင့် အပြေးသွားသည်မို့
'မင်းခ' လည်း အလျင်အမြန်ပင် လူနာတို့အား ပြေးကြည့်ကာ ခွဲခန်းဝင်ရတော့သည်။

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now