Extra ( 1 ) U / Z

39.8K 1.3K 114
                                    

U~

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်.......။

သုံးနှစ်ခန့်ကြာပြီးနောက်.....

'မင်းခ' The World ရှေ့မှာ ကားရပ်ကာ
ဆင်းလိုက်သည်နှင့် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သွေးများပင်ဆောင့်တက်သွားသယောင် 'စစ်' ကို ကောင်လေးတစ်ယောက်က
ကျောပိုး၍ ထွက်လာကာ နှစ်ယောက်သားကလည်းရယ်မောနေလိုက်ကြတာများ မိုးမမြင်လေမမြင်....
လာမကြိုနိုင်ဘူးလို့ ပြောထားပြီးမှ
အချိန်ရလို့ ထွက်လာလိုက်တာမှန်သွားသည်။
မဟုတ်ရင်ဒီလိုလက်ပူးလက်ကြပ်မိမှာမဟုတ်...

" ဘေဘီ!!! "

'မင်းခ' အော်လိုက်တော့မှ နှစ်ယောက်သား
'မင်းခ'ကို ကြည့်လာကြကာ 'စစ်' ကသူ့အောက်က ကောင်လေးကို အလောတကြီးအောက်ကိုချခိုင်းနေသည်။

" 'ကိုခန့်' ကျေးဇူးပဲနော် ကျွန်တော့်အမျိုးသား
လာကြိုပြီမလို့ "

" ဪ....ဒါဆိုကိုယ်သွားပြီနော် "

" ဟုတ်ကဲ့ "

'ခန့်မင်း' ထွက်သွားသည်နှင့် 'မင်းခ'က အနားရောက်လာသဖြင့်'စစ်' မျက်နှာလေးငယ်နှင့်
မော့ကြည့်လိုက်သည်။

" တော်တော်သာယာနေတာပေါ့ ဟုတ်လား!! "

" ဟင့်အင်း မဟုတ်ပါဘူး ‌ခြေထောက်ခေါက်သွားလို့ လိုက်ပို့ပေးတာ "

" မတ်တပ်တောင်ရပ်နိုင်သေးတာပဲ
ကျိုးသွားတာမှ မဟုတ်တာ ကျောပိုးဖို့လိုလို့လား "

" ဒီတိုင်းပဲ ကူတွဲဖို့ပြောပါတယ်
သူက ကျောပိုးလိုက်မယ်ဆိုလို့ "

" အဲ့တာနဲ့ပဲ ခွင့်ပြုလိုက်တယ်ပေါ့
ဟိုက တက်ချချင်တယ်ဆိုရင်ရော
ခွင့်ပြုလိုက်မှာပဲလား "

" ဟင့်! ကိုနော် မမိုက်ရိုင်းနဲ့ "

'မင်းခ' ဒေါသထွက်ထွက်နှင့်အော်လိုက်တော့
ခေါင်းလေးပိုငုံ့သွားကာ တရှုံ့ရှုံ့ရှိုက်ငိုလာသည်။
မသိရင် ကိုယ်ကပဲမတရား
အနိုင်ကျင့်နေသလိုနဲ့.....

'စစ်' ကတွေ့ကာစတုန်းကလို ပိန်ညောင်ညောင်လေးမဟုတ်တော့....
သူနှင့်ယူပြီးကတည်းက အစားအသောက်ကို ဂရုတစိုက်ချက်ပြုတ်ကျွေးတော့ လူက ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်လာကာ အရင်ကထက်ပိုပြီး ချစ်စရာကောင်းလာသည်။
သူစိတ်မချတာလည်းမပြောနဲ့ 'စစ်'က
အရမ်းအားနာတက်ကာ တုံးကလည်းတုံးသေးသည်။

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now