( 26 ) U / Z

36.8K 1.4K 139
                                    

U~

" ပါပါးကောနော် "

" ဟာ....ကလေးကလားနဲ့ မပါဘူး
မင်းDaddy နဲ့ပဲက "

" ဟွန့်! ပါပါးက သားကိုမချစ်ဘူးမလား "

" ကဲပါ.. အချစ်ရယ် 'မင်းခ' တို့လည်း
ကမှာပဲကို သားစိတ်ချမ်းသာအောင်
ကပေးလိုက်ပါ "

'နယ်မြေ' ကပါဝင်ပြောလာသည့်
အပြင် 'မင်းခ' နှင့် 'ဒီခေတ်' ကပါ
'ဟုတ်တယ်'ဆိုသည့် ပုံစံတွေဖြင့်
ကြည့်နေကြသည်။

မနက်ဖြန်ဆိုလျှင် 'သမိုင်း' နှင့် 'ဒီခေတ်' ၏
လက်ထပ်ပွဲနေ့ဖြစ်သည်။ ကမ်းခြေမှာ
ပွဲလုပ်ချင်သည့် 'ဒီခေတ်' ကြောင့်
သူတို့အားလုံး ချောင်းသာဘက်ကို
ရောက်နေခြင်းဖြစ်သည်။

သူငယ်ချင်းလေးယောက်လုံးက
သက်ဆိုင်သူအသီးသီးရှိကြပြီဖြစ်၍
နောက်ဆို အတူအိပ်ကြဖို့ရာမလွယ်တော့သဖြင့်
ယနေ့ညကို သူငယ်ချင်းလေးယောက်
စုအိပ်ကြဖို့‌စီစဉ်ထားခြင်းဖြစ်သည်။

သူတို့ကျတော့ သက်ဆိုင်သူတွေနှင့်
မအိပ်ရပဲ မင်းတို့က အိပ်ရရင်မတရားဘူးဆိုကာ
လေးယောက်စုအိပ်သည့်ကုတင်မှာ
'နယ်မြေ' နှင့် 'ကမ္ဘာ' ကြားမှာ
'မင်းခ' နှင့် 'ဒီခေတ်' ကနေရာယူသည်။

ဘယ်လိုတောင်ကလေးဆန်မှုကြီးလည်း...

အိပ်ရန်ပြင်နေကြတုန်း 'လွမ်း' နှင့်အတူ
တစ်ခန်းသွားအိပ်သည့် 'နိုနို' လေးက
ရောက်လာကာ Baby Shark Dance
ကချင်သည်ဟုပြောလာသည်။

ကချင်တာက အကြောင်းမဟုတ်....
ပြသနာက သူတို့လေးယောက်ပါ
ကပေးရမည်တဲ့လေ...

" နော်! ပါပါး..နော်! "

လက်လေးကို အတင်းလာဆွဲကာ
ပြောနေသည့် 'နိုနို' ကြောင့် 'ကမ္ဘာ' လည်း
မနေသာတော့ဘဲ ခေါင်းငြိမ့်လိုက်ရသည်။

သူတို့လေးယောက်မှာ ညအိပ်ဝတ်စုံ
အနက်ရောင်ကိုဆင်တူဝတ်ထားကာ 'နိုနို' လေးကအဝါရောင်လေးနှင့်ဖြစ်သည်။

သူတို့လေးယောက်ကို ကုတင်အောက်တွင်
မတ်တပ်ရပ်စေပြီး 'နိုနို' က ကုတင်ပေါ်တွင်
မတ်တပ်ရပ်ကာ နေရာယူသည်။
လက်ကလေးပိုက်ကာ ဆရာကြီးစတိုင်လေးနှင့်

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now