( 23 ) U / Z

36.6K 1.4K 123
                                    

U~

" ဗျာ!! အစ်ကိုတစ်ကယ်ပြောတာလား "

ထိုအခါ အစ်ကိုကထမင်းကြော်ကို ပလုတ်ပလောင်းစားရင်း ခေါင်းငြိမ့်ပြသည်။
'စစ်' နှလုံးခုန်သံတွေ မြန်လာကာ
ပေါက်ထွက်တော့မည်အလား....

" တစ်ခုတော့ရှိတယ် "

'မင်းခ' ဘေးမှရေခွက်အားယူသောက်ပြီး
စကားစလိုက်သည်။

" ချစ်လားလို့မေးရင်တော့
အဲ့ဒီအဖြေကို ကိုယ်ပေးနိုင်ဦးမှာမဟုတ်ဘူး
မင်းအဆင်ပြေမှ လက်ခံပါ "

'စစ်' မျက်နှာလေး ညိုးငယ်သွားသည်။
သို့သော် ခဏလေးအတွင်းမှာပင်
မျက်နှာအမူအယာတို့ ‌ပြန်ပြောင်းလာကာ
ပြုံးပြလာသည်။

" ကျွန်တော်လက်ခံတယ်အစ်ကို "

အစ်ကိုကျွန်တော့်ကို ပြန်ချစ်လာမယ်လို့
ကျွန်တော်ယုံကြည်တယ်....
ထိုစကားတွေကိုတော့ 'စစ်' ထုတ်မပြောလိုက်ပါ။

" ဒီနေ့ ကိုယ့်နားရက် အလုပ်လိုက်ပို့ပေးမယ် "

" ဟုတ် အစ်ကို "

...........။

" ကိုကို အဆင်ပြေလား "

' ပြေတယ် ကိုကိုခေါ်ထုတ်ထားပြီ
ဘယ်မှာထားလိုက်ရမလည်း '

" အိမ်ပဲခေါ်ခဲ့လိုက် ကိုကို "

' ဟုတ်ပြီ '

'နယ်မြေ' ဖုန်းချပြီးသည်နှင့် ထိုင်ခုံနောက်တွင်
တင်ထားသည့် အပေါ်ထပ်ကုတ်ကို
ဝတ်ဆင်ကာ ရုံးခန်းထဲမှ ထွက်လာလိုက်သည်။

............။

" အာ့! "

'နွေမှိုင်း' ဝမ်းဗိုက်ကို ပစ်ဝင်လာသည့်
လက်သီးကြောင့် နေရာမှာပင် ဒူးတစ်ဖက်ထောက်ထိုင်ချမိသွားကာ နာကျင်နေသည့် နေရာအားလက်ဖြင့်ဖိထားမိသည်။

" စောက်သုံးကို မကျဘူး "

ဒေါသတကြီးပြောလာသည့် ထိုလူ...
ထိုလူက 'နွေမှိုင်း' ၏ မေးဖျားလေးမှကိုင်ကာ
မော့စေပြီး....

" ဒီမျက်နှာလှလှလေးက
အသုံးဝင်နေသေးလို့ မဟုတ်ရင် မင်းမျက်နှာကို
စုတ်ပြက်သတ်သွားအောင် လုပ်ပစ်လိုက်ပြီ "

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now