( 27 ) Final U / Z

46K 1.4K 99
                                    

U~

Club တစ်ခုအတွင်း၌ မီးရောင်စုံများနှင့်အတူ
DJ သံစဉ်တို့က ပျံ့လွင့်နေကာ ကိုယ်စီကိုယ်စီကခုန်နေသူများကြား ကောင်လေး လေးယောက်မှာ T ရှပ်ပွ‌ပုံစံတူ အရောင်ကွဲကို ဒူးအထိသာရှည်သော ဘောင်းဘီအနက်အပွတို့ဖြင့် ဝတ်ဆင်ထားကာ ဆန်းဆန်းပြားပြားကကွက်များဖြင့်ကခုန်နေကြသဖြင့် ဘေးရှိလူများပင် ပြုံးရယ်နေကြသည်အထိ၊

ယနေ့က 'ကမ္ဘာ' ၏အသက်နှစ်ဆယ့်ငါးနှစ်ပြည့်မွေးနေ့ဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ မွေးနေ့ပွဲရယ်လို့ ကျင်းပခြင်းမရှိဘဲ သူငယ်ချင်းများနှင့်သာ စိတ်လွတ်လက်လွတ်ပျော်ပါးကြသည်။

T ရှပ်လိမ္မော်ရောင်ကိုဝတ်ဆင်ထားကာ ရွှေအိုရောင်ဆံပင်တို့အား ပိုင်ဆိုင်ထားသူက
နာမည်ကြီးဒီဇိုင်းနာတစ်ယောက်ဖြစ်သူ
'ကမ္ဘာငယ်'

T ရှပ်ကော်ဖီရောင်ကို ဝတ်ဆင်ထားကာ အနက်ရောင်ဆံပင်တို့အား ပိုင်ဆိုင်ထားသူက
စီးပွားရေးလောကမှာ Top Two နေရာတွင်ရပ်တည်နေသည့် The World Group ၏ CEO 'သက်တံ့နယ်မြေ'

T ရှပ်ခရမ်းနုရောင်ကိုဝတ်ဆင်ထားကာ မဟော်ဂနီရောင်ဆံပင်တို့အား ပိုင်ဆိုင်ထားသူက
နာမည်ကြီးစာဖိုမှူးတစ်ယောက်ဖြစ်သည့်
'ဒီခေတ်လူ'

T ရှပ်ခဲရောင်ကိုဝတ်ဆင်ထားကာ အညိုရောင်ဆံပင်တို့အားပိုင်ဆိုင်ထားသူက
နာမည်ကြီးခွဲစိတ်ဆရာဝန်ဖြစ်သည့်
'ဒေါက်တာနေမင်းခ'

လေးယောက်ပေါင်းလောင်းကျော်ကာ ကကွက်ဆန်းတွေဖြင့် ကခုန်နေကြသူများက ထိုကဲ့သို့သောပုဂ္ဂိုလ်များဖြစ်သည်ဟု ပြောလျှင် မည်သူမှယုံနိုင်မည်မဟုတ်၊

မနက်မိုးလင်းသည်မှစ၍ အကျီဆင်တူ၊ဘောင်းဘီဆင်တူတို့ဖြင့် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဝတ်စားကာ ကားတစ်စီးဖြင့် မြို့ပက်နေကြတာဖြစ်သည်။ ဆံပင်တို့ကိုပင် ပုံသွင်းခြင်းအလျဉ်းမရှိပါဘဲ ရှေ့တွင်သာခပ်အုပ်အုပ်ချထားကြသည်။

" ‌ငါတို့ဘယ်သွားကြဦးမလည်း "

" ဘယ်နှစ်နာရီထိုးပြီလည်း "

" ရှစ်နာရီထိုးတော့မယ် "

" Dinner သွားစားကြတော့မလား "

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now