( 13 ) U / Z

40.7K 1.5K 112
                                    

U~

" 'စစ်' ဘယ်လိုနေလည်း "

'ကမ္ဘာ' ပြောလိုက်တော့ 'စစ်'က
မျက်လုံးအရောင်တစ်လက်လက်နှင့်
မော့ကြည့်လာသည်။

" အရမ်းတော်တာပဲအစ်ကိုရာ
သေချာပေါက်ဒီ ဒီဇိုင်းက ပေါက်မှာဗျ "

" မြှောက်နေပြန်ပါပြီ "

" တစ်ကယ်ပြောတာဗျ
ကျွန်တော်အရမ်းအားကျတာပဲ "

" 'စစ်' ကအခုမှငယ်ငယ်လေးရှိသေးတာ
ကြိုးစား မင်းကအရည်အချင်းရှိတယ်
သေချာပေါက် အောင်မြင်မှာ "

" ဟုတ် "

" CEO နဲ့ Meeting ချိန်နီးပြီ သွားရအောင် "

" ဟုတ် အစ်ကို "

CEO ကိုကြောက်လွန်းလို့
အကြောင်းမရှိရင် တက်နိုင်သလောက်
ဝေးဝေးကရှောင်သည်။
အခုလို ဌာနအားလုံးနှင့် Meeting
ဖြစ်သည့်အပြင် ရှယ်ယာရှင်တွေပါသည်မို့
ဌာနခေါင်းဆောင်နှင့်လက်ထောက်က
မဖြစ်မနေတက်ရသည်။

'ကိုကမ္ဘာ' နဲ့ဘေးချင်းကပ်ရပ်ထိုင်ကာ
စကားပြောနေတုန်း ဝင်လာသည့်CEO...

မျက်စောင်းကြီးနဲ့လာကြည့်နေပြန်ပါပြီ...

အနက်ရောင် Suit ကိုဝတ်ထားသည့်အပြင်
ဆံပင်အားလုံးကိုဂျယ်ဖြင့် လှန်သိမ်းထားကာ
အနေတည်သည်မို့ အသက်24 နှစ်လို့ပြောရင်
ယုံကြမည်မထင်...
ဒေါသထွက်နေသည့်အချိန်ဆိုလျှင်
အကြည့်တစ်ချက်နဲ့တင်
ပြာကျသွားနိုင်လောက်သည်အထိ ကြောက်ဖို့ကောင်းသည်။

Meeting ထိုင်နေတုန်း တုန်ခါလာသည့်
ဖုန်းကြောင့် 'နယ်‌မြေ' တစ်ချက်ငုံ့ကြည့်လိုက်
မိတော့ 'Rino'၏ အတန်းပိုင်ဖြစ်နေသည်မို့
မကိုင်လို့က မဖြစ်...

" ဟုတ်ကဲ့ အမိန့်ရှိပါ "

"......."

" ဟုတ်ပါတယ်ဗျ ကျွန်တော် 'သက်တံ့‌နယ်မြေ'
ပါ "

"......."

" ဗျာ!! "

'နယ်မြေ' ၏ 'ဗျာ' ဆိုသည့်အသံမှာ ကျယ်လွန်းသည့်အပြင် ဝုန်း!ခနဲထရပ်လိုက်သဖြင့်
Projector ရှေ့ရှင်းပြနေသူ အပါအဝင်
Meeting Room တစ်ခုလုံးတိတ်ဆိတ်သွားကာ
အလန့်တကြားမော့ကြည့်လာကြသည်။

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now