( 14 ) U / Z

38.7K 1.4K 150
                                    

U~

" မေမေ "

'ဒီခေတ်' နှင့် 'သမိုင်း' အိမ်ထဲကိုဝင်လာတော့
'ဒေါ်ခေတ်မဒီ'က ဧည့်ခန်းတွင်ထိုင်နေသည်။
'ဒီခေတ်' လည်း'ဒေါ်ခေတ်မဒီ' ၏ဘေးသို့သွားကာ လက်မောင်းကိုဆွဲဖက်လိုက်ပြီးနောက်
ပုခုံးပေါ်မှီထားလိုက်သည်။

" သားတောင်းပန်ပါတယ် မေမေ
သားကိုစိတ်မဆိုးပါနဲ့တော့နော် "

" ဖယ်စမ်း! အခုမှလာကပ်ချွဲမနေနဲ့ "

'ဒေါ်ခေတ်မဒီ' ပါးစပ်ကသာ ပြောနေပေမယ့်
လက်ကိုတော့ရုန်းဖယ်လိုက်ခြင်းမရှိ....

" မင်းကဒီတိုင်းရပ်နေတော့မှာလား "

ဘေးနားမှာရပ်နေသည့် 'သမိုင်း'ကို
'ဒေါ်ခေတ်မဒီ' မော့ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။

" ဗျာ.. "

" မထိုင်ဘူးလား "

" ထိုင်မှာဗျ "

" ဘာလာလုပ်တာလည်း "

" ကျွန်တော် လာတောင်းပန်တာပါ မေမေ "

" ငါ့သားကို ဘယ်တော့တရားဝင်
လက်ထပ်မှာလည်း "

" ဗျာ! "

မထင်မှတ်ထားသည့် မေးခွန်းကြောင့်
'သမိုင်း' အံ့ဩသွားသည်မှာအမှန်ပင်...

" မေမေ တစ်ကယ်ပြောတာလား
သားတို့ကို သဘောတူပြီလားဟင်! "

'ဒီခေတ်' က‌ 'ဒေါ်ခေတ်မဒီ' အား
မော့ကြည့်ကာ မေးလိုက်ခြင်းဖြစ်သည်။
သို့သော် 'ဒေါ်ခေတ်မဒီ' ကအဖြေ‌မပေးလာဘဲ
'သမိုင်း' ကိုသာကြည့်နေကာ

" ဖြေလေ! ဘာလည်း လက်ထပ်ဖို့စိတ်ကူး
မရှိတာလား"

" မဟုတ်ပါဘူးဗျ မေမေသဘောတူရင်
ကျွန်တော်ကအခုချက်ချင်းတောင်
လက်ထပ်ချင်တာ "

" ဟုတ်ပြီ မင်းအစ်ကိုကို လက်ထပ်ဖို့ကိစ္စ ဆွေးနွေးဖို့ ငါ့ဆီ တစ်ရက်လာခဲ့လို့ပြောလိုက် "

" ဟုတ်ကဲ့ မေမေ"

" ဟင့် ! "

'သမိုင်း' နှင့် 'ဒေါ်ခေတ်မဒီ' စကားပြောနေတုန်း
'ဒီခေတ်' ကရုတ်တရက်ကြီးထငိုကာ...

" ကျေးဇူးတင်ပါတယ် မေ‌မေ အင့်! "

" 'ခေတ်လေး' လူကဖြင့် ယောက်ျားရနေပြီ
ကလေးလို ငိုနေတုန်းလား "

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now