( 21 ) U / Z

34K 1.3K 70
                                    

U~

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီးလိုင်းပေါ်
မတင်ကြပါနဲ့နော်........။

'မင်းခ' ဆုပ်ကိုင်ထားသည့် 'စစ်' ၏
လက်မောင်းနှစ်ဖက်အား လွှတ်ပေးလိုက်သည်။

" ကိုယ် အခုချိန်မှာ လူတစ်ယောက်ကို
ထပ်ချစ်ဖို့ အဆင်သင့်မဖြစ်သေးဘူး
ကိုယ်က‌နေဒါသွားဖို့ ဆုံးဖြတ်ထားတယ်
ကိုယ်တောင်းပန်ပါတယ် 'စစ်' ဖွင့်‌ပြောတဲ့
နေ့ကတည်းက ကိုယ်ပြောလိုက်မလို့ပါပဲ "

'စစ်' လက်ထဲကအိတ်ကို
ကျစ်နေအောင် ဆုပ်ကိုင်ထားမိကာ
ခေါင်းငုံ့၍ ဟန်မဆောင်နိုင်တော့ဘဲ
ငိုချလိုက်မိသည်။

တစ်သိမ့်သိမ့်တုန်ကာ အသံထွက်
ငိုနေသည့် ကောင်လေးတစ်ယောက်ရယ်...
သူ့ရှေ့မှာ မျက်နှာမကောင်းပါဘဲ
ရပ်ကြည့်နေသည့် ဒေါက်တာလေးကို
ဖြတ်သွားဖြတ်လာများ လှည့်ကြည့်နေကြသည်။
သူတို့အခုရပ်နေသည်မှာ ဆေးရုံဝင်း၏
အဝင်ဝမှာ မဟုတ်ပါလား....

" သာယာတဲ့ ခရီးစဉ်လေး
ဖြစ်ပါစေအစ်ကို ကျွန်တော်ဒီနေ့ကတည်းက
ကြိုပြီး နှုတ်ဆက်လိုက်ပါတယ် "

'စစ်' 'မင်းခ'ကို မော့မကြည့်ဘဲ ပြောလိုက်ပြီးသည်နှင့် လှည့်ထွက်လာလိုက်သည်။

ကျွန်တော့်ရင်ဘတ်ထဲက နာတယ်အစ်ကို...
အသက်ရှုတောင် မဝတော့သလိုပဲ
ခံစားရတယ်...

စတောင်မစရသေးတဲ့
ကျွန်တော်ရဲ့အချစ်ဇာတ်လမ်းလေးက
အဆုံးသတ်သွားပြီထင်ပါရဲ့....

'မင်းခ' ထွက်သွားသူ၏ ကျောပြင်လေးအား
ကြည့်ကာ တွေဝေမိသည်။
သူ့ဆုံးဖြတ်ချက်တွေက မှန်ကန်ပါရဲ့လား....

..............။

နှစ်ပတ်ခန့် ကြာပြီးနောက်....။

" 'နယ်မြေ' နေရထိုင်ရအဆင်ပြေလား "

'မင်းခ' က 'နယ်မြေ' ၏
မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ကာ
မေးလိုက်ခြင်းဖြစ်သည်။

" အင်း "

အတိတ်မေ့နေတော့ 'နယ်မြေ' က သူတို့ကို အလိုက်အထိုက်သာ တုံ့ပြန်လေ့ရှိသည်။

'ကမ္ဘာ' 'နိုနို' လေးကိုသိပ်ကာ
အောက်ထပ်ဆင်းလာတော့
ဧည့်ခန်းမှာ ခေါင်းငိုက်စိုက်ချထိုင်နေသည့်
'မင်းခ' နှင့် 'ဒီခေတ်' အပြင်
မျက်နှာချင်းဆိုင်မှာ ထိုင်ကြည့်နေသည့် 'နယ်မြေ'...

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now