( 24 ) U / Z

35.7K 1.3K 133
                                    

U~

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်.....။

ခေါင်းစွပ်‌ဟူဒီအမဲရောင်အပွကို ဂျင်းဘောင်းဘီအနက်နှင့်တွဲဝတ်ထားကာ ဘွတ်ဖိနပ်ကလည်း အမဲရောင်ဖြစ်သဖြင့် တစ်ကိုယ်လုံးနက်ဆွေးနေကာ လျှာထိုးဦးထုပ်အနက်ကိုဆောင်းထားသည့် 'သမိုင်း' ကိုလူအများငေးမောကြည့်နေကြသည်။

အရပ်အမောင်း6 ပေ2 ရှိသည့်အပြင် ကြီးမားကျယ်ပြန့်သည့်ရင်အုပ်ကျယ်ကျယ်နှင့် တောင့်တောင့်ဖြောင့်ဖြောင့်ခန္ဓာကိုယ်ကြောင့် လူအများကြားထွင်းထွက်နေသည်။

ကျောပိုးအိတ်အနက်ရောင်ကိုလွယ်ကာ
လေဆိပ်ထဲမှ ထွက်လာရင်း.......

" ကိုယ်ပြန်လာပြီ ချာတိတ် "

................။

ဒေါက်! ဒေါက်!

" ဝင်ခဲ့ "

" ကိုကို ခေါ်တယ်ဆိုလို့ "

'နွေမှိုင်း' ရုံးခန်းထဲရောက်တော့ 'နယ်မြေ'က
ဆိုဖာမှာထိုင်ကာ ကော်ဖီသောက်နေသည်။

" ဟုတ်တယ် လာထိုင်ဦး "

'နယ်မြေ' ပြောလိုက်တော့ 'နွေမှိုင်း' က
'နယ်မြေ' နှင့် မျက်နှာချင်းဆိုင်ဆိုဖာတွင်
ဝင်ထိုင်လိုက်သည်။
'နယ်မြေ' နေရာမှထရပ်ကာ
'နွေမှိုင်း' ၏ ဘေးတွင်ဝင်ထိုင်လိုက်သည်။

" 'နွေ' မင်းကိုယ့်ကိုသဘောကျနေတာလား "

" ဗျာ! "

" ကိုယ်....."

'‌နယ်မြေ' က 'နွေမှိုင်း' ၏အနားသို့
တဖြည်းဖြည်းသို့တိုးကပ်လာသဖြင့်
'နွေမှိုင်း' နောက်ဆုတ်ရင်း ဆိုဖာပေါ် ပစ်လှဲကျသွားရသည်။

'နယ်မြေ' က အပေါ်မှအုပ်မိုးကာ
'နွေမှိုင်း' ၏ မှေးဖျားလေးကို ကိုင်ရင်းဆွဲမော့လိုက်သည်။

" ကို..ကို ဘာလုပ်မလို့လည်း
ကျွန်တော့်အပေါ်က‌ဖယ်ပေးပါ "

မျက်လုံးမှိတ်ကာ 'နယ်မြေ' ၏
ရင်ဘတ်အား တွန်းကန်နေသူကြောင့်
'နယ်မြေ' တစ်ချက်ပြုံးကာ
'နွေမှိုင်း' ၏ အကျီကို ဆွဲလှန်လိုက်သည်။

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now