( 17 ) U / Z

36.4K 1.4K 140
                                    

U~

" တစ်ခုခုဆို နိုးလိုက်နော်
ဘာမှအားမနာနဲ့ "

" ဟုတ် အစ်ကို "

'စစ်' တစ်ယောက် ကုတင်ပေါ်
စောင်ဖြင့်လုံးထွေးထားကာ
မျက်လုံးလေးသာ ဖော်ထားမိသည်။
ရင်ခုန်ရလွန်းလို့ရူးသွားနိုင်သည်။

အစ်ကိုက ပြန်ရောက်ရောက်ချင်း
ဆန်ပြုတ်လုပ်ပေးသလို ဆေးလည်းသေချာတိုက်သည်။
ပိုဆိုးသည်က အရေးအကြောင်းဆိုလျှင်
မသိမှာဆိုးသဖြင့် သူနှင့်သာ လာအိပ်လိုက်
ရန်ပြောလာသူကြောင့်
အစ်ကိုနှင့် တစ်ကုတင်ထဲ အိပ်နေရခြင်းဖြစ်သည်။

စောင်တစ်ထည် သပ်သပ်ထုတ်ပေးလာသဖြင့်
တစ်ကိုယ်လုံးကို ပက်ထားလိုက်သည်။
အကြောင်းရင်းက စိတ်လှုပ်ရှားနေသဖြင့်....

အစ်ကိုကတော့ အေးအေးလူလူပင်...
သူ့သူငယ်ချင်းတွေနှင့် အိပ်နေကြဟုဆိုကာ
ကျွန်တော့်ကို အားမနာဘဲ အေးဆေးအိပ်ဖို့သာ
ပြောလာသည်။

ကျွန်တော်ကသာ စိတ်လှုပ်ရှားနေတာ
အစ်ကိုကတော့ အသက်ရှုမှန်မှန်နှင့်
အိပ်ပျော်နေပြီဖြစ်သည်။

'စစ်' ခန္ဓာကိုယ်ကို 'မင်းခ' ရှိရာအရပ်
စောင်းလိုက်ကာ အိပ်ပျော်နေသူအား
တစ်စိမ့်စိမ့်ကြည့်နေမိသည်။

ကျွန်တော် အစ်ကို့ကိုချစ်နေတယ်ဆိုတာ
သိသွားခဲ့ရင် အစ်ကိုကျွန်တော့်ကို
အခုလိုဆက်ဆံပါဦးမလား....

ကြည့်နေတုန်းမှာပင် လှုပ်ရှားလာသူကြောင့်
'စစ်' မျက်လုံးကို မှိတ်ချလိုက်သည်။

ဘာသံမှမကြားတော့သဖြင့်
ဖွင့်ကြည့်လိုက်တော့ အသက်ရှုရန်ပင်
မေ့လျော့သွားရသည်။

'မင်းခ' က ပက်လက်လှန်အိပ်နေရာကနေ
'စစ်' ဘက်ကို လှည့်အိပ်လာခြင်းဖြစ်သည်။
အခုအနေအထားက 'မင်းခ' မျက်နှာနှင့်
'စစ်' မျက်နှာ အကွာအဝေးက
နီးနီးလေးဖြစ်နေသည်။
'စစ်' ခပ်တည်တည်ပင် နောက်ဆုတ်လိုက်ခြင်း
မရှိ... မျက်စိစုံမှိတ်ကာ ထိုအနေအထားတိုင်း
အိပ်ချလိုက်သည်။

.............။

'မင်းခ' အိပ်နေရင်း သူ့ကိုယ်ပေါ်၌တစ်ခုခုတက်ဖိထားသလို ခံစားနေရသဖြင့် မျက်လုံး
ဖွင့်ကြည့်လိုက်မိတော့.. မျက်လုံးတို့ပင်
ပြူးကျယ်သွားရသည်။

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now