( 16 ) U / Z

43K 1.4K 104
                                    

U~

" အစ်ကို အခုကဘယ်သွားနေတာလည်း "

" ရောက်ရင် သိမှာပေါ့ ချာတိတ်ရ "

The Rainbow ၏ ပိုင်ဆိုင်မှု တစ်ခုဖြစ်သည့်
Your's Home အိမ်ရာဝန်း၏ ကားပါကင်တွင်
ထိုးရပ်လိုက်သည်။
Your's Home မှာ အထပ်အမြင့် 32 ထပ်ရှိပြီး
အဆင့်မြင့် Condo တိုက်ခန်းများမှာလည်း
လူအများကြား နာမည်ကြီးသလို
တန်ဖိုးမှာလည်း တော်ရုံလူ အမှန်းရဲလောက်သည့်
ပမာဏပင်....

'သမိုင်း' ခေါ်လာသည့် နောက်ကိုလိုက်ရင်း
ပတ်ဝန်းကျင်ကို လိုက်ကြည့်မိသည်။
နာမည်ကြီးဆိုပေမယ့် 'ဒီခေတ်' ဒီနေရာကို
ပထမဆုံးရောက်ဖူးခြင်းဖြစ်သည်။
ဓာတ်လှေကားထဲရောက်တော့
7ထပ်မြောက်ကို နှိပ်လက်သူကို
မော့ကြည့်မိတော့ ....

" ခဏနေဆို သိရပြီ "

'သမိုင်း'၏ ပြောစကားကို
'ဒီခေတ်' ခေါင်းသာ ငြိမ့်ပြမိသည်။

အခန်းတစ်ခုရှေ့ရောက်တော့
ဂဏန်းအချို့နှိပ်ကာ ပွင့်သွားသည့်အခန်းထဲသို့ ဆွဲခေါ်သွားသူနောက်လိုက်ဝင်ရသည်။
အခန်းဝင်ဝင်ချင်းမှာပင် အံ့ဩသွားမိသည်။
အခန်းတစ်ခုလုံးက သူအရမ်းကြိုက်သည့်
ခရမ်းနုရောင်‌ဆေးသုတ်ထားခြင်းဖြစ်သည်။

" အစ်ကို.. "

အနောက်သို့ ပြန်လှည့်ကြည့်တော့
အစ်ကိုက ပြုံး၍....

" ဝင်ကြည့်ကြည့် "

အခန်းထဲ ဝင်လိုက်သည်နှင့် ‌ဘေးတစ်ဖက်တွင်
ဧည့်ခန်းဖြစ်ကာ နောက်တစ်ဖက်တွင်တော့
မီးဖိုချောင်နှင့် ထမင်းစားခန်း ဖြစ်သည်။
Condo ဖြစ်သောကြောင့် ဧည့်ခန်းနှင့် မီးဖိုချောင်တို့ကြားတွင် အကာမရှိ....အိပ်ခန်းနှစ်ခန်းပါကာ အိမ်သာ၊ရေချိုးခန်းတွဲရက်ဖြစ်သည်။

" သဘောကျရဲ့လား "

" ဒါက... "

'သမိုင်း'က မေးခွန်းကို မဖြေဘဲ 'ဒီခေတ်' ၏
ပုခုံးနှစ်ဖက်ကို နောက်မှနေ၍ တွန်းသွားကာ
အိပ်ခန်းတစ်ခန်းရှေ့ရောက်တော့
တံခါးကို ဖွင့်ဝင်လိုက်သည်နှင့်
နှစ်ယောက်အိပ်မွေ့ယာကြီးကပါ
ခရမ်းနုရောင်ဖြင့်.....
အခန်းထဲရောက်သည်အထိ နောက်မှနေ၍ တွန်းလာကာအိပ်ယာပေါ်ထိုင်စေပြီး 'သမိုင်း'က
'ဒီခေတ်' ရှေ့တွင် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်သည်။ ထို့နောက် 'ဒီခေတ်' ၏ လက်တို့အား
သူ့လက်နှစ်ဖက်ဖြင့် စုကိုင်ကာ

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now