( 8 ) U / Z

48.1K 1.7K 87
                                    

U~

" 'စစ်' အစ်ကိုပြောထားတဲ့ ဒီဇိုင်းတွေရပြီလား"

" ရပြီ အစ်ကို ဒီမှာပါ "

'ကမ္ဘာ' ဖိုင်အား လှမ်းယူလိုက်ကာ
ဒီဇိုင်းတို့အား ကြည့်ပြီး အတော်သဘောကျမိသည်။ ဒီကောင်လေး၏ အရည်အချင်းက
သူ့နီးနီးရှိသည်ကိုတော့ ဝန်ခံပါသည်။

" တော်တယ် အစ်ကိုသဘောကျတယ် "

" ဟီး... ကျေးဇူးပါဗျ "

" ဒီနေ့ကစပြီး အစ်ကို့ရဲ့ လက်ထောက်ဒီဇိုင်းနာ
လုပ်ပါ... အစ်ကိုနဲ့တူတူ ဒီဇိုင်းအသစ်တွေ ဖန်တီးပြီး The World ကို နိုင်ငံတကာအထိထိုးဖောက်ကြတာပေါ့ "

'စစ်' ပျော်လွန်းလို့ ဘာမှပင်ပြန်မပြောနိုင်...
The Worldက ဒီဇိုင်းဌာနချုပ်
ဒီဇိုင်းနာ'ကမ္ဘာငယ်'က
သူတို့ ဒီဇိုင်းနာလောကတွင် အလွန်နာမည်ကြီးသူတစ်ယောက်ဖြစ်သလို သူလေးစားရသည့်
လူတစ်ယောက်လည်းဖြစ်သည်။
ကြိုးစားသမျှ အရာထင်သည်မို့
'စစ်' မျက်ရည်ပင်ဝဲလာရသည်။

" ဟုတ်ကဲ့ ကျွန်တော့်ကို ရွေးချယ်ပေးလို့
ကျေးဇူးအများကြီးတင်ပါတယ်ဗျ "

" အင်း...CEO နဲ့ ဒီလထုတ်ဖို့ Designs တွေ
ဆွေးနွေးဖို့ရှိတယ် မင်းပါတစ်ခါထဲလိုက်ခဲ့ "

" ဟုတ်ကဲ့ "

'နယ်မြေ' Marketing ဌာနနှင့် Meeting
ပြီးပြီးချင်း 'ကမ္ဘာ' တွေ့ဖို့စောင့်နေသည်ဟု
'ကိုမင်းသစ်'က လာပြောသဖြင့် နာရီကြည့်မိတော့ နေ့လည်စာစားချိန်နီးပြီ ဖြစ်၍
နေ့လည်စာ အတူစားရန် တွေးမိသည်။

ကုမ္မဏီမှာ သူနှင့် 'ကမ္ဘာ' တွေ့ဖြစ်သည်မှာ
မရှိသလောက်ပင်... အလုပ်ကိစ္စ မရှိလျှင် 'ကမ္ဘာ'က သူ့ဆီကို လာလေ့မရှိ...
နေ့လည်စာ အတူမစားရသည်မှာ
အိမ်ထောင်ကျကတည်းက ဖြစ်သည်မို့
သူတက်ကြွ နေမိသည်။

သို့သော် ပျော်နေသည့် အတွေးတို့က
တံခါးကို ဆွဲဖွင့်လိုက်ချိန်တွင် မြင်လိုက်ရသည့်
မြင်ကွင်းကြောင့် ကြက်ပျောက်ငှက်ပျောက်
ဖြစ်သွားရသည်။

ဆိုဖာမှာ နှစ်ယောက်သား ပူးကပ်ထိုင်နေကာ
ဖုန်းတစ်လုံးကို အတူကြည့်နေကြသည်မှာ
အရမ်းကို နီးကပ်လွန်းနေသည်။

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now