( 5 ) U / Z

51.4K 1.9K 87
                                    

U~

" 'သမိုင်း' "

" ဗျာ..Boss "

" မင်းရဲ့ တိုက်ခန်းကိုမောင်း "

"ဘာလုပ်မလို့လည်း Boss "

" ပစ္စည်းသိမ်းမလို့ "

" ဗျာ... ဘာပစ္စည်းလည်း "

" မင်းပစ္စည်းတွေ ဒီနေ့ကစပြီး
ငါ့အိမ်မှာပဲ လိုက်နေတော့ "

" ဗျာ... Boss ဟို.. "

" ဘာဆင်ခြေမှ ငါမကြားချင်ဘူး 'သမိုင်း'
US မှာတုန်းကလည်းငါတို့နဲ့ တူတူနေခဲ့တာပဲ
ဒီရောက်မှ မင်းက ဘာထဖြစ်နေတာလည်း "

" ဟိုမှာက ကျွန်တော်တို့ သုံးယောက်ပဲလေ"

" ဒီမှာလည်း ဘာထူးလို့လည်း ညီ့အမျိုးသားတစ်ယောက်ပဲ ပိုလာတာ အလုပ်သမားတွေကလည်း အိမ်နောက်က တိုက်မှာ နေကြတာ "

" ဒါပေမယ့်..."

" ငါစိတ်သိပ်ကြည်နေတာမဟုတ်ဘူးနော် 'သမိုင်း' ပြောင်းလာခဲ့ဆို ပြောင်းလာလိုက်"

" ဟုတ်ကဲ့ Boss "

Boss မှမသိတာဗျ ဟိုကောင်လေးက
သူ့သူငယ်ချင်းတွေရှိတော့ အမြဲတမ်းဝင်ထွက်နေမှာ...မြင်ပါများပြီး စိတ်မထိန်းနိုင်တော့ရင် ဘယ်လိုလုပ်မလည်းဗျ..
အဆင့်အတန်းခြင်း မတူလို့သာ ငြင်းနေရတာ 7နှစ်လုံးစောင့်ထိန်းလာရတဲ့ သမာဓိတွေ
ကျိုးပျက်ကုန်ရင် ဘယ်လိုလုပ်မလည်း
ဟူး.......

'နေယံ' တစ်ယောက် ကားနောက်ခန်းမှာ အေးဆေးမှေးနေပေမယ့် ရှေ့ကလူကတော့ အတွေးပေါင်း မြောက်များစွာဖြင့်...

ချာတိတ်အကြောင်းတွေးမိတော့ အကိုလေး၏ လက်ထပ်ပွဲညကို သတိရမိသည်။
ငိုနေမှန်းသိရက်နဲ့ ပြန်လှည့်မကြည့်ခဲ့တာ...
လှည့်ကြည့်လိုက်ရင်လည်း သေချာတယ်
မင်းကိုထွေးပွေ့ထားပြီးတော့ ဘယ်လောက်တောင် မြတ်နိုးမိခဲ့ကြောင်းတွေ
ပြောမိမယ်ထင်တယ်...
မိုးနဲ့မြေလို ကွာခြားတဲ့ ကိုယ့်ဘဝထဲကို
ဝင်မလာချင်စမ်းပါနဲ့ ချာတိတ်ရာ...

.............. ။

'နယ်မြေ' အိမ်ပြန်ရောက်တော့
'ကမ္ဘာ' နဲ့ ' ဒီခေတ်' က အိပ်ပျော်နေကြပြီဖြစ်သည်။ တိတ်တိတ်ကလေး ဝင်ကာ
ဗီရိုထဲက ညဝတ်တစ်စုံကို ယူပြီးနောက်
'နေယံ' ၏အိပ်ခန်းထဲသို့သွားကာ
ရေချိူးအဝတ်စားလဲလိုက်သည်။
အောက်ထပ်ကို ဆင်းလာတော့ 'နေယံ' အိမ်ထဲဝင်လာတာနှင့်တိုးသည်။

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now