( 11 ) U / Z

46.7K 1.6K 77
                                    

U~

" ချာတိတ်!! "

" ဗျာ.... "

ရေခဲသေတ္တာရှေ့တွင် ရေခဲချောင်းခိုးစားဖို့
ကြံနေတုန်း နောက်ကနေ ဟိန်းထွက်လာသည့်အသံကြောင့် ပါးစပ်ထဲထည့်ခါနီးရေခဲချောင်းလေးပင် လွတ်ကျသွားရသည်အထိ...

" အဲ့တာဘာလုပ်နေတာလည်း!
ကိုယ်ဘာပြောထားလည်း ညနက်နေပြီ
မနက်မှစားလို့ မပြောထားဘူးလား "

" ဟို....တစ်ကိုက်လောက် စားမလို့ဆိုပြီး.."

" ဘာတစ်ကိုက်လည်း ‌အဲ့ဒီရေခဲချောင်းပဲ
တော်တော်စားချင်နေတာ ဟုတ်လား...
လာခဲ့ ကိုယ်ကျွေးမယ် "

'သမိုင်း' ကပြောရင်းဖြင့် အနားကို
ရောက်လာကာ 'ဒီခေတ်' ၏ကိုယ်လေးအား
ဆွဲပွေ့ကာ ပုခုံးပေါ်ထမ်းတင်လိုက်သည်။
'ဒီခေတ်' 'သမိုင်း' ၏ကျောကုန်းကို
တဘုန်းဘုန်းထုရိုက်ကာ

" ဟာ အစ်ကိုနော်!...
အဲ့တာကြီးမစားဘူးနော်.. "

ဒါပါဘဲ... ဖြစ်သလိုနေ ဖြစ်သလိုစား
'ဒီခေတ်' တို့ 'သမိုင်း'နှင့်အတူလာနေပါပြီ
ဆိုသည့်နေ့ကတည်းက ဟိုဟာမလုပ်ရဘူး..
ဒီဟာမစားရဘူး ဘာမဝတ်ရဘူး..
ဆိုသည့် ခေါင်းစဉ်တွေအောက်
ပိတ်‌မိနေတော့သည်။
အဆိုးဆုံးကတော့ ညရောက်ရင်
ရေခဲချောင်း၊ ရေခဲမုန့်တွေပေးမစားတာပါပဲ၊
ထိုအရာတို့အား စားရတာအလွန်ကြိုက်သည့်
'ဒီခေတ်'ကလည်း တစ်ရက်ကို တစ်ခါတော့
စားလိုက်ရမှ.....

လှေကားအတက်မှာ အပေါ်ကဆင်းလာသည့်
'ကမ္ဘာ' နဲ့တွေ့တော့ ပြုံးစိစိနှင့်လာကြည့်နေသည်။

" 'ကမ္ဘာ' ငါ့ကို ကယ်ပါဦး "

" ရေခဲချောင်းခိုးစား ပြန်ပြီလား "

" ဟင့်! "

'ကမ္ဘာ' ခေါင်းတစ်ရမ်းရမ်းနှင့်သာ
အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။

ဒီလိုတွေမြင်ရတာ မထူးဆန်းပါ...
'သမိုင်း' မကြိုက်တာ တစ်ရက်ကို
တစ်ခုလောက်မှ မလုပ်မိရင် 'ဒီခေတ်' မဟုတ်...
မိုးလင်း မိုးချုပ် 'ချာတိတ်!!' ဆိုသည့်
ဟိန်းသံကြီးနှင့် 'ဗျာ...' ဆိုသည့်
ကြောင်သူငယ်အသံလေးက
မကြားချင်မှ အဆုံး.....

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now