Part 5

8.9K 186 0
                                    

Unicode

အပိုင်း - ၅

"ကိုနေနိုင်အောင်လွှမ်း"

"ကြွပါ ဒေါက်တာ ကြွပါ…ထိုင်ပါခင်ဗျ"

"ကျွန်မကို ဒေါက်တာလို့ မခေါ်လည်း ရပါတယ်ရှင်။ရင်းရင်းနှီးနှီးနဲ့ *နှင်းပွင့်* လို့ပဲခေါ်ပါ"

"အာ....
ဟုတ်ကဲ့ပါ…
ကျွန်တော်က လေးစားသမှုနဲ့ခေါ်လိုက်မိတာဒေါက်....အဲ မနှင်းပွင့်စံ"

မိုရှန့်ကို sex education နှင့်ပတ်သက်၍ သင်ကြားပြသပေးဖို့ရန် သူဖိတ်ထားသော ဆရာဝန်ဖြစ်သည်။

"ဒေါက်တာကိုကိုမြင့်က ကျွန်မကို အကျိုး‌အကြောင်းပြောပြထားပါတယ်"

"ဟုတ်ပါတယ် မနှင်းပွင့်စံ။
သိတဲ့အတိုင်းပဲ ကျွန်တော်က အရမ်းအလုပ်များတယ်လေ။နောက်ပြီး မိုလေးနဲ့ကျွန်တော်က မောင်နှမဆိုပေမဲ့ တချို့အရာလေးတွေကို သင်ကြားပေးဖို့ရာက အမျိုးသမီးမှ အဆင်ပြေမှာ။

အဲ့ဒါကြောင့် ‌မိသားစုဆရာဝန်ဖြစ်တဲ့ ဒေါက်တာကိုကိုမြင့်ဆီ အပူကပ်ရတော့တာပဲ။

မနှင်းပွင့်စံက ကူညီမယ်ပြောတော့ ကျွန်တော် တော်တော်လေးဝမ်းသာမိတယ်ဗျာ။

ကျွန်တော့်လုပ်ရပ်တွေက အပိုတွေလုပ်နေတာလို့ ထင်ကောင်းထင်မိကြမှာပဲ။

ဒါပေမဲ့ ကျွန်တော် မိုလေးကို လူငယ်သဘာဝ သိသင့်သိထိုက်တာတွေကို သိစေချင်တယ်။
ကျွန်တော့်အနေနဲ့ကလည်း ပြောပြဖို့ ခဲယဉ်းတယ်လေ။အဲ့ဒါကြောင့်ပါ"

သူရဲ့ စကားအရှည်ကြီးကို ဒေါက်တာနှင်းပွင့်စံက စိတ်ရှည်ရှည်နဲ့ နားထောင်ပေးနေ၏။

"ကိုနေနိုင်အောင်လွှမ်းလိုအကိုမျိုးကတော့ စံ ထားလောက်ပါတယ်ရှင်"

"ကျွန်တော် မိုလေးကို သွားခေါ်လိုက်ဦးမယ်နော်"

"ဟုတ်ကဲ့"

💮💮💮💮💮💮💮💮💮💮💮💮

"မို ဒါက ဒေါက်တာနှင်းပွင့်စံတဲ့။မို သိချင်တာမှန်သမျှ ဒေါက်တာ့ကို မေးလို့ရတယ်နော်။ကိုကိုက ဒေါက်တာ့ကို မို့အတွက် အကူအညီတောင်းပေးထားရတာ"

528+ထောင့်ငါးရာ (Complete)Where stories live. Discover now