Unicode
အပိုင်း - ၉
"ကိုကိုရေ"
"အယ်…ကိုကို့ ဟီးးး"
မိုရှန် ကိုကို့အခန်းထဲစွတ်ခနဲ ဝင်သွားမိရာ အခုမှရေချိုးခန်းထဲက ထွက်လာပုံရသည့် ကိုကိုနဲ့ တည့်တည့်တိုးလေသည်။
ရေချိုးပြီးကာစ ကိုကို့ခန္ဓာကိုယ်ပေါ်တွင် ခါးမှာပတ်ထားသော တဘက်တစ်ထည်သာရှိ၏။"ဟာ မိုလေး ဘာလို့ တံခါးမခေါက်ဘဲ ဝင်လာရတာလဲ"
"ဟင့်..အရင်ကလည်း ဝင်နေကျပဲကို…
အဆန်းလုပ်လို့""ခုက....."
"အင်း ...ခုကဘာဖြစ်လဲ"
"အရင်လိုမဟုတ်တော့ဘူး"
"ဘာကိုအရင်လိုမဟုတ်တာလဲ"
သူ့ဘက်က အရင်လို မောင်နှမစိတ်မဟုတ်တော့ဘူးဆိုတာကို ဘယ်လိုရှင်းပြရမှန်းမသိပေ။
ကျယ်ပြန့်သော ရင်အုံနှင့်အဖုအထစ်များဖြင့် ကျစ်လျစ်နေသော ကိုကို့ဝမ်းဗိုက်ကြွက်သားတွေကို
ကြည့်နေရင်းမှ ကိုင်ကြည့်ချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာသည်။"မိုလေး အပြင်ခဏထွက်။ကိုကို အဝတ်လဲချင်လို့"
"မထွက်ပါဘူး။ကိုင်ကြည့်ချင်လို့"
"ဘာ..ဘာကိုကိုင်မှာလဲ…."
မိုလေးက ပြောလာတော့ သူအလန့်တကြားဖြစ်သွား၏။
"အဲ့နေရာလေး"
သူမလေး လက်ညိုးညွှန်သောနေရာမှာ သူ့ဝမ်းဗိုက်သို့။
"ဟား ...ကျွတ်... မိုကတော့ လုပ်ပြီ…
ယောက်ျားလေးနဲ့ မိန်းကလေး မထိရဘူးဆိုတာ မသိဘူးလား""အရင်ကလဲ ထိနေကျပဲဟာ"
"အရင်က -------"
"ဘာလဲ အရင်ကနဲ့မတူဘူးလို့ ပြောဦးမလို့လား"
"သွားပါ မိုလေးရာ…
ခဏနေ ကွန်ပျူတာ သင်တန်းတက်ရဦးမှာမလား။အပြင်ကစောင့်နေ ကိုကို ထွက်ခဲ့မယ်""No ပါ…ထိခွင့်ပေးမှ ထွက်မယ်"
မိုရှန်က ဇွတ်ကိုဂျီကျနေတော့ နေနိုင်အခက်တွေ့နေသည်။
ကိုကို လူပျိုကြီး ရှက်နေတာကိုကြည့်ပြီး မိုရှန် စချင်လာ၏။
YOU ARE READING
528+ထောင့်ငါးရာ (Complete)
Romanceကိုကို့ ပါးစပ်ကပြောတဲ့ ချစ်တယ် ဂရုစိုက်တယ် ကြင်နာတယ်ဆိုတဲ့ စကားတွေကို "မို" ကြောက်တယ်။ "မို" လိုချင်တာ ဖခင်မေတ္တာငတ်နေတဲ့ သမီးတစ်ယောက်ရဲ့ အချစ်မျိုးမဟုတ်ဘူး။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့ ချစ်ခြင်းမျိုး ကိုကိုရဲ့။ ...