Part 4

8.7K 190 0
                                    

Unicode

အပိုင်း - ၄

"ကိုကို
မို ဗိုက်နာလို့"

မိုရှန် ဗိုက်ကလေးကိုနှိပ်၍ သူ့အနားလာပြောပြသည်။

"ဟုတ်လား..
လာ ....ကိုကို အခန်းထဲ လိုက်ပို့ပေးမယ်။
ခဏလောက်နားလိုက်နော်။
ကိုကို ဆရာဝန်သွားပင့်လိုက်ဦးမယ်"

သူ မို‌လေးကို ခုတင်ပေါ်အသာအယာတင်ပေး၏။

ဗိုက်လေးကိုဖိပြီး သူမ ဘေးစောင်းလေးလှည့်သွားစဉ် သူမြင်လိုက်ရသည့်အရာမှာ……….

*ဟာ........

သူ့ခန္ဓာကိုယ်က ထူပူသွားပြီး ရုတ်ခြည်းဆိုသလို မတ်တတ်ရပ်မိသည်။

(သူ ဘာလုပ်ရမလဲ..
ဘာလုပ်သင့်သလဲ…

ဒေါ်ကြည် ဟုတ်တယ်… ဒေါ်ကြည့်ကို ခေါ်ရမယ်…)

အောက်ထပ်ကို တဒုန်းဒုန်းနဲ့ပြေးဆင်းလာခဲ့၏။

"ဒေါ်ကြည် ဒေါ်ကြည်
ဒီကို ခဏ"

"ဟုတ် ဆရာ။ဘာဖြစ်လို့လဲဟင်"

"ဟို .....ဟို"

သူ လက်ညိုးကို ‌အပေါ်ထိုးလိုက်
ဆံပင်ကို လက်ဖြင့်သပ်လိုက်နှင့် ပြောရခက်စွာ ရှိနေ၏။

"မို့ကိုတစ်ချက်လောက် သွားကြည့်ပေးပါဦး။ပြီးရင်လိုအပ်တာမှန်သမျှ ကျွန်တော့်ကိုအကုန်ပြောပါ။
ဆရာဝန်ခေါ်သင့်ရင် ခေါ်လိုက်မယ်"

"ဟင် မိုရှန် ဘာဖြစ်လို့လဲ ဆရာ"

"ဟာဗျာ ကျွန်တော်ပြောလို့ မသင့်ဘူး။
ဒေါ်ကြည်သွားကြည့်ရင် သိလိမ့်မယ်"

"ဟုတ်ဟုတ် ဆရာ"

ပြောပြောဆိုဆို ဒေါ်ကြည် အပေါ်ထပ်တက်သွားဖို့ပြင်နေ၏။

"ဟို ဒေါ်ကြည်"

"ဟုတ်ဆရာ…ဘာမှာမလို့လဲ"

"မိုရှန့်ကို ‌သုံးပုံသုံးနည်းလေးတွေ
သေချာသင်ပြပေးလိုက်ပါဦး"

ပြောရခက်ပေမဲ့လည်း မှာမှဖြစ်မည့်ကိစ္စမို့ မျက်နှာပူပူဖြင့် ပြောရ၏။

“ဟုတ်”လို့သာ ပြောခဲ့သော်လည်း ဒေါ်ကြည်နားမလည်ပါ။

ဆရာ ဘာကိုဆိုလိုချင်တာပါလိမ့်။

528+ထောင့်ငါးရာ (Complete)Où les histoires vivent. Découvrez maintenant