Part 21

10.6K 155 0
                                    

Unicode

အပိုင်း - ၂၁

"မြေးလေး ဘယ်သွားမလို့ ခရီးဆောင်အိတ်ကို ပြင်ဆင်နေတာလဲ...."

မမနှင့်စကားပြောပြီးနောက်မှာ စံ အိမ်သို့ အမြန်ပြန်ပြီး ကိုကို့ဆီသွားဖို့ ပြင်ဆင်တော့သည်။ဒါကို ဘဘကမြင်၍ မေးခြင်းဖြစ်၏။

"ကိုကို့ဆီသွားမလို့"

"ဘာ "

"ဟုတ်တယ်။ ကိုကို့ဆီသွားမယ်။
ကိုကို့ကို လက်ထပ်မယ်"

"နင်ရူးသွားပြီလား"

"ဟုတ်တယ် သမီးရူးနေပြီ။
ကိုကို့ကို ထားခဲ့ရလို့ ရူးသွားပြီ"

"နင် အားလုံး သိသွားပြီလား"

"သိပြီးပြီ။ ဒါပေမဲ့ ဘဘကို မမုန်းပါဘူး။သမီးကိုယ်သမီးပဲ မုန်းတယ်။
ကိုကို့ကို မယုံကြည်ခဲ့တဲ့အတွက် သေလောက်အောင်နောင်တရတယ်။
သမီး ဘဘအရိပ်ကိုလည်း ဘယ်တော့မှ ပြန်မလာတော့ဘူး။

မသွားခင်တစ်ခုတော့ ပြောခဲ့ချင်တယ်။
ဘဘရဲ့အတ္တတွေမာနတွေကြောင့်
သမီးဘဝမှာ အမေဆိုတာ မမြင်ဖူးခဲ့ဘူး။
အဖေဆိုတာလည်း ဖြူသလား မဲသလားတောင် မမှတ်မိတော့ဘူး။ဖေဖေနဲ့မေမေကရော နောက်ဆုံးအချိန်ထိ ဆင်းဆင်းရဲရဲနဲ့ လူမသိသူမသိအသက်ဆုံးရှုံးခဲ့ရတယ်။

ခု ကိုကိုရော
ကိုကို့ဘဝမှာ တွယ်တာစရာဆိုလို့ သမီးပဲ ရှိတော့တာ။ဒါကိုတောင်
သမီးက....သမီးက သူ့ကို ထားပစ်ခဲ့ရက်တယ်။

ကိုကို ဘယ်လောက်နာကျင်နေလိုက်မလဲ။ဘယ်လောက်များဝမ်းနည်းနေလိုက်မလဲ။သမီးတွေးကြည့်ရုံနဲ့တောင်နောင်တရတယ်။

သမီးကိုလည်း ဖေဖေတို့ကို လုပ်သလို
ဘဘလုပ်ချင်လုပ်လိုက်။ သမီးဂရုမစိုက်ဘူး။ဒါပေမဲ့ သမီးက ဖေဖေ့လိုတော့ မကြောက်ဘူး။သမီးလုပ်ချင်ရာလုပ်မယ်။သမီးဘဝကို ဘဘခြယ်လှယ်ပိုင်ခွင့်မရှိဘူး။
သမီးပြောချင်တာဒါပါပဲ"

စူးရဲပြီးထက်မြက်လှတဲ့ ဒီမျက်လုံးလေး‌တွေက သူ့အမေဆီက အမွေရခဲ့တာပဲဆိုတာ ဦးဇင်မျိုးမြတ် မှတ်မိသွားပါပြီ။သူ့အမေတုန်းကလည်း
ထိုနည်း၎င်းဆုံးဖြတ်ခဲ့တာပင်။

528+ထောင့်ငါးရာ (Complete)Where stories live. Discover now