Part 19

8.2K 137 0
                                    

Unicode

အပိုင်း - ၁၉

2 နှစ်ကြာပြီးနောက် ရန်ကုန်မြို့ရဲ့ အိမ်ကြီးတစ်လုံးထဲတွင်

"ဘဘ မိုသွားပြီနော်"

"အေးအေး ငါ့မြေး ကားကိုဂရုစိုက်မောင်းဦး"

"ဟုတ်ကဲ့"

မိုရှန် ကားလေးကို ကိုယ်တိုင်မောင်း၍ ထွက်လာခဲ့သည်။သူမဟာ အခုဆိုလျှင် ဘဝကပေးခဲ့တဲ့ လောကဒဏ်တွေနှင့်
ကိုကိုပေးခဲ့တဲ့ သင်ခန်းစာတွေကြောင့်
အသက်ထက်ပိုပြီး ရင့်ကျက်တည်ငြိမ်သည့် မိန်းမပျိုလေးတစ်ယောက်ဖြစ်နေပါပြီ။ကိုကို့ကို အမြဲသတိရပါ၏။
ဒါပေမဲ့ အရမ်းစိတ်နာပါသည်။

သိပ်ချစ်လွန်းခဲ့တော့ မုန်းရင်လည်း
လှည့်မကြည့်ချင်လောက်အောင်
ဖြစ်ခဲ့ရပြီ။ကိုကို့ကို လမ်းခွဲခဲ့ရလို့ မို ဘယ်တော့မှနောင်တမရပါ။Having sex ရှိခဲ့ဖူးလို့လည်း အမှားတစ်ခုလို့ မခံယူခဲ့ဘူးပါ ။

* လိင်ကိစ္စကို ဘာမှမသိ ရင်ဖုံးနဲ့ချိတ်ထဘီသာဝတ်တဲ့ ဗိုင်းကောင်းကျောက်ဖိမျိုးကို အမျိုးသမီးကောင်းလို့ ဆိုလိုတာမဟုတ်။

** ကိုယ့်ခြေထောက်ပေါ်ကိုယ် ရဲရဲရပ်တည်ပြီး လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သည့် သတ္တိရှိပြီးကိုယ်ကျင့်တရားကောင်းမွန်တဲ့ သူမျိုးကသာ အမျိုးသမီးကောင်းဖြစ်တယ်လို့ မိုကတော့ ယူဆပါသည်။

အဲ့ဒီအတွက်ကြောင့် ကိုကိုနဲ့ Having sex ဖြစ်ပြီးမှ လမ်းခွဲရလို့လည်း စိုးစဉ်းမျှ နောင်တမရခဲ့ပေ။

ဘဘနဲ့ရန်ကုန်ကို လိုက်ဖို့ဆုံးဖြတ်ပြီးနောက် တက္ကသိုလ်ကို အဝေးသင်သာ ယူခဲ့ပြီး Fashion and designer ဘက်ကို တစိုက်မက်မက် လေ့လာခဲ့သည်။မိုက အခုဆို Fashion and Designer ဘက်မှာထူးချွန်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့သည်။ကိုယ်ပိုင်ဆိုင်ဖွင့်နိုင်ဖို့ရန် ကြိုးစားဖို့ပဲ လိုတော့သည်။

ကိုကို့ကို မုန်းဖို့ကြိုးစားနေမှတော့
ငယ်ငယ်က ကိုကိုနဲ့အတူ မက်ခဲ့ရတဲ့
ဒေါက်တာအိပ်မက်လည်း မိုရှန် မဖြစ်ချင်တော့ပါ။

အတွေ့အထိကို မလွန်ဆန်နိုင်တဲ့ မို့အပေါ်သစ္စာဖောက်ခဲ့သည့်ကိုကို့ကို ဘာအကြောင်းနှင့်မှ လွမ်းဖွယ်ရာမရှိပေမဲ့ ချစ်ခဲ့ကြတာ အိပ်မက်တွေမဟုတ်ခဲ့တဲ့အတွက် အခုချိန်ထိတော့ ကိုကို့ကိုလွမ်းနေရတုန်းပဲဖြစ်ပါသည်။

528+ထောင့်ငါးရာ (Complete)Where stories live. Discover now