Part 17

9.5K 155 0
                                    

Unicode

အပိုင်း - ၁၇

"အ"

" ဘုန်း"

"ဟ တိုက်ကုန်ပြီဟေ့"

မန္တလေးမြို့ 66 လမ်း 29 လမ်းထောင့်တွင်ကားနဲ့ ဆိုင်ကယ်ငြိကြသည်။

"ကောင်မလေးက ဆိုင်ကယ်နဲ့ဟိုဘက်က ကားနဲ့"

"ဟော-----ဟော ထလာပြီ"

"တော်သေးတယ် ဘာမှကြီးကြီးမားမားမဖြစ်ကြလို့ပဲ"

မိုက ဆိုင်ကယ်နှင့်ဖြစ်၍ တဖက်လူက ကားနဲ့ဖြစ်သည်။သိပ်ပြီး ထိခိုက်ဒဏ်ရာတော့မရဘဲ
ပွန်းပဲ့ရုံလောက်သာရှိ၏။လူတချို့က လာရောက်၍ ကူညီပေးကြပါသည်။

"သမီး အဆင်ပြေရဲ့လား။
ဘဘတို့ ဘာများလုပ်ပေးရဦးမလဲ။ဘဘရဲ့ driver ကလည်း ရန်ကုန်သားဆိုတော့မန္တလေးလမ်းရဲ့ အယူအဆတွေ သိပ်နားမလည်သေးလို့ပါ။
ဘဘတို့တောင်းပန်ပါတယ်ကွယ်"

ကားပေါ်မှ လူကြီးတစ်ဦးဆင်းလာပြီး ယဉ်ကျေးပျူငှာစွာနှင့် မို့ကိုမေးလာသည်။

"ဟုတ် ရပါတယ်ရှင့်။
သမီးလည်း မန္တလေးရောက်တာ မကြာသေးပါဘူး။သမီးအမှားလည်း ပါပါတယ်"

"ဘဘတို့ဆေးခန်းလိုက်ပို့ပေးမယ်နော်"

"ရပါတယ် ဘဘ။ဘာမှ သိပ်ဖြစ်တာမှ မဟုတ်တာ"

"ဘယ်ဟုတ်ပါ့မလဲကွယ်။
နောက်ရက်မှ ဒဏ်ပေါ်လာရင် ညောင်းညာကိုက်ခဲနေမှာသွားရအောင်ပါ။သမီးဆိုင်ကယ်ကို ဘယ်လိုလုပ်မလဲ"

"သမီးအိမ်က နီးတယ်ဘဘ။ဆေးခန်းမသွားတော့ဘူး။အိမ်ပဲသွားတော့မယ်"

"ဟုတ်ပြီအဲ့ဒါဆိုလည်း သမီးကားပေါ်တက်"

"မောင်တူး မင်းက ကလေးမလေးရဲ့ ဆိုင်ကယ်မောင်းခဲ့"

💮💮💮💮💮💮💮💮💮💮💮💮

ဦးဇင်မျိုးမြတ် ဒီကောင်မလေးကို မြင်တော့ဘာရယ်မဟုတ် ခင်သွားသည်။
ကလေးမ မျက်လုံးလေးတွေက စူးစူးရဲရဲနှင့် ဘာကိုမှ မကြောက်တတ်သည့် သတ္တိရှိတဲ့ မျက်လုံးလေးတွေကို ရင်းနှီးနေသလိုလိုဖြစ်၏။
တနေရာရာမှာတွေ့ဖူးတယ်ထင်မိ‌သော်လည်း ဘယ်မှာမှန်းသူမမှတ်မိပေ။

528+ထောင့်ငါးရာ (Complete)حيث تعيش القصص. اكتشف الآن