Part 10

9K 192 0
                                    

Unicode

အပိုင်း - ၁၀

"ကိုကိုရယ် ဘယ်လိုများဖြစ်ရတာလဲ။
ဖရိုဖရဲတွေကို ဖြစ်လို့ပါလား"

ကိုကိုက ခုတင်ခြေရင်းမှာ ပစ်စလက်ခက်ထိုင်နေပြီး ဘီယာဘူးတွေက  ပျံ့ကြဲလို့နေသည်။

အင်္ကျီအဖြူလက်ရှည်မှာလည်း  တွန့်ကြေနေပြီး ကုတ်အင်္ကျီက ကြမ်းပြင်ပေါ်မှာ ပုံကျနေ၏။ရှူးဖိနပ်ကိုလည်း မချွတ်ဘဲ ဝတ်လျက်သားဖြင့်…

"ဘာလို့များ ဒီလောက်တောင် မူးအောင်သောက်ရတာလဲ"

"မိုလေး"

"ဟုတ်တယ် မိုလေးပါ ကိုကိုရဲ့…
လာ မို တွဲကူမယ်။ခုတင်ပေါ်ရွှေ့ရအောင်"

"မရွှေ့ဘူး"

"ဟမ်"

"ဒီမှာပဲထိုင်မယ်။ဟော့ဒီကကြမ်းပြင်မှာပဲထိုင်မယ်။မရွှေ့ဘူး"

"ဘာလို့လဲ"

"ဖင်အေးလို့"

"ခှီးးးးးး"

ကိုကိုကတော့ မူးမူးရူးရူးနဲ့ ပြောချင်ရာ ပြောနေ၏။

"ဘာရယ်တာလဲ"

"မရယ်ဘူး…မရယ်ဘူး။…
လာပါ ကိုကိုရယ်။မူးနေရင် အသာလေးပါးစပ်ပိတ်နေ…မို တွဲတဲ့အတိုင်းလိုက်ထ"

"နပေါဦးအမိ…
မင်းက ကိုယ့်ကိုဘာလို့ လာဂရုစိုက်နေရတာလဲ"

ကိုကိုကတော့ ကိုယ့်ကိုယ်ကိုယ် ဘာတွေပြောလို့ ပြောနေမှန်းတောင် သိရဲ့လားမသိ….မို့ကိုလည်း အမိတွေဘာတွေခေါ်နေ၏။မိုရှန်လည်း ကိုကို အသိစိတ်ရှိမရှိ သွေးတိုးစမ်းသလိုဖြင့်....

"မိုက ကိုကို့ဘေဘီလေးလေ။ဂရုစိုက်ရမှာပေါ့။ကိုကို့ကို မိုမှ မပြုစုရင် ဘယ်သူကလာလုပ်ပေးမှာလဲ"

"ကိုကို့ဘေဘီ ဟုတ်လား"

"အင်း"

"သွားပြီ….ဟိုးးးအဝေးကြီးကို သွားပြီ"

"ဘယ်သူသွားတာလဲ"

"ဘေဘီလေ…ကိုကို သိပ်ချစ်ရတဲ့ ကိုကို့ရဲ့ကလေးလေး…မိုရှန်ဆိုတဲ့ကောင်မလေး….ပါသွားပြီ….မဟာဆိုတဲ့ကောင်လေးနောက်ပါသွားပြီ။

528+ထောင့်ငါးရာ (Complete)Where stories live. Discover now