Part 8

8.4K 182 0
                                    

Unicode

အပိုင်း - ၈

အိပ်ရာမှနိုးနိုးခြင်း ဖုန်းဖွင့်ကြည့်မိတော့
ဦးထော်ရဲ့ miss call တွေအများကြီးကိုတွေ့ရသည်။သူ့ရင်ထဲ ထိတ်ခနဲဖြစ်သွား၏။

(ကလေးလေး ဘာများဖြစ်လို့ပါလိမ့်)

"Hello ဦးထော်"

"ဆရာ ကျုပ် ညကဖုန်းတွေဆက်တိုက်ခေါ်နေတာ"

"ဟုတ်တယ်ဦးထော်။ကျွန်တော် အိပ်ပျော်သွားလို့"

"ဆရာ အိမ်ကို အမြန်ပြန်လာမှဖြစ်မယ်။မိုလေး သိသွားပြီ။ကျွန်တော့်အမှားပါဆရာရယ်။ကျွန်တော့်အမှားတွေပါ"

"ဘာကိုလဲဦးထော်….ရှင်းအောင်ပြောပါ"

"ဆရာကသူ့အကိုအရင်းမဟုတ်ဘူးဆိုတာ မိုလေး သိသွားပြီ”

"ဗျာ"

သူ့နားထဲ အသံအကျယ်အကြီးမြည်ဟီးသွားသလို တုန်ခါသွားသည်။

"ဟုတ်တယ်ဆရာ…ကျုပ်ရှင်း......."

"ကျွန်တော် ခုလာပြီ"

ဦးထော်စကားမဆုံးသေး သူဖြတ်ချပြီး အိမ်ကိုအမြန်ပြန်ခဲ့၏။။

💮💮💮💮💮💮💮💮💮💮💮💮

"ဒေါက်......ဒေါက် "

"မို
ကိုကိုပါ…ကိုကို့ကို တံခါးဖွင့်ပေး"

"မိုလေးကလိမ္မာပါတယ်။တံခါးဖွင့်ပါနော်…ဒေါက် ......ဒေါက် မိုလေး"

မိုလေးဆီမှ ဘာတစ်ခုမှ တုံ့ပြန်သံမကြားရပေ။

"သူဘယ်အချိန်ကတည်းက တံခါးပိတ်ထားတာလဲ"

"ညကတည်းကပဲ"

"ဟာဗျာ အဲ့ဒါကို ရအောင်မဖွင့်ကြဘူးလား"

"သူဘာမှမဖြစ်ဘူးလို့ အသံပေးပါတယ်ဆရာ။စိတ်ချပါတဲ့။သူတစ်ယောက်တည်းနေချင်လို့ပါတဲ့ ဆရာရယ်"

"မိုလေး…တံခါးဖွင့်စမ်း ဒေါက်......ဒေါက်"

သူအသံကို နည်းနည်းထပ်မာလိုက်၏။

"မို....ရှန်... တံခါးဖွင့်ကွာ…
မဖွင့်ရင် ကိုကို တံခါးဖျက်ပြီး ဝင်လာမှာနော်"

"ဦးထော်နောက်ဆုတ် ကျွန်တော် တံခါးဖျက်မယ်"

"လာပြီ"

528+ထောင့်ငါးရာ (Complete)Donde viven las historias. Descúbrelo ahora