Part 11

8.6K 186 2
                                    

Unicode

အပိုင်း - ၁၁

"ကိုနေနိုင်"

"ဪ မနှင်းပွင့်စံ"

Market တစ်ခုမှာ သူတို့နှစ်ယောက်ဆုံမိကြသည်။

"မတွေ့တာတောင်ကြာပြီနော်"

"ဟုတ်တယ်ဗျာ။အလုပ်တွေရှုပ်နေကြတာနဲ့"

"မိုရှန်လေးရော ဘာတွေလုပ်နေလဲ"

"သူ ကွန်ပျူတာသင်တန်းတက်နေတယ်ဗျ"

"ဪ ဟုတ်ကဲ့။ဟို ----- ကိုနေနိုင်ကရော ဒီကို ဘာလာဝယ်တာလဲ"

"ကျောက်ပန်းချီလေး လာကြည့်တာပါဗျာ။မိုလေးက စိတ်ကောက်နေတာ။ဘာကောက်နေမှန်းမသိတာနဲ့ ချော့မလို့လေ။ အဲ့ဒါ------"

"ကိုနေနိုင်က ညီမဖြစ်သူကို တော်တော်ချစ်တယ်နော်"

"အဟင်း....ဆိုပါတော့ဗျာ"

သူ ရယ်သွမ်းသွေးပြီး လည်ပင်းတစ်ချက်ပွတ်လိုက်၏။

"အချိန်ရရင် ကျွန်မနဲ့ တစ်ခုခုလိုက်စားပါလား။ပြောသာပြောရတာပါ။အမြဲငြင်းခံနေရတော့လည်း ခေါ်ရမှာမရဲပါဘူးရှင်"

သူအားနာမိသွားသည်မို့ ဒီတစ်ခါတော့ လက်ခံမည်ဟု ဆုံးဖြတ်လိုက်ပါသည်။

"ကျွန်တော်က အမြဲအလုပ်ရှုပ်နေလို့ပါဗျာ။ဒီလိုလုပ်ပါ့လား။မနှင်းပွင့်စံက ဖိတ်နေပေမဲ့ ကျွန်တော်မအားတာနဲ့ကို မစားဖြစ်ဘူးလေ။ဒီတစ်ကြိမ်တော့
ကျွန်တော်ဖိတ်ပါတယ်။မနှင်းပွင့်စံ အဆင်ပြေတဲ့ဆိုင် ရွေးလိုက်လေ"

"Oh God!
ဒီနေ့တော့ မိုးရွာတော့မယ်ထင်တယ်။
ဒါဆိုလည်း ဒီ market အပေါ်ကဆိုင်မှာပဲ စားရအောင်လေ။တခြားရှာမနေတော့ဘူး"

"မနှင်းပွင့်စံ အဆင်ပြေသလိုလုပ်ပါ"

💮💮💮💮💮💮💮💮💮💮💮💮

"မိုရှန် ဟိုမှာ နင့်ကိုကို မဟုတ်လား"

"ဟယ် ဟုတ်သားပဲ"

"သူ့ဘေးက မမလှလှလေးက ဘယ်သူလဲမသိဘူး"

"ဟဲ့ သူ့ရည်းစားနေမှာပေါ့"

"ချောတယ်နော်"

"ဟုတ်ပဟယ်။ ဝတ်တတ်စားတတ်လိုက်တာ။မြင်တာနဲ့ကို အဆင့်အတန်းရှိတဲ့ ပုံလေး"

528+ထောင့်ငါးရာ (Complete)Where stories live. Discover now