Part 22 Final

19.4K 229 12
                                    

Unicode

အပိုင်း - ၂၂ ဇာတ်သိမ်း

"သွားတော့။
မင်းအခန်းမင်းပြန်"

"ဒယ်ဒီကလည်းဗျာ။
သားလည်း မာမီ့နားနေချင်တာပေါ့။သားကိုလည်း တလှည့်တော့ အချိန်ပေးသင့်တယ်လို့မထင်ဘူးလား"

သားအဖနှစ်ယောက် စကားနိုင်လုနေသည်ကို မိုရှန်ပြုံးပြုံးလေးကြည့်နေ၏။

"မပေးနိုင်ဘူး ဟေ့ကောင်။
သွားတော့ ဂျောင်း။မင်း ငါ့မိန်းမ ဗိုက်ထဲလည်း 9 လကြီးများတောင် နေခဲ့သေးတာ...တော်ရောပေါ့"

"ကဲပါ ကိုကိုရယ်။သားသားကို စ မနပေါနဲ့။လာ...သား...မာမီနားကို"

"လာဘူး‌‌ဗျာ။မာမီတို့တင် အဖော်ရှိတယ်ထင်မနေနဲ့ သားလည်း အဖော်ရှိတယ်"

*နေသန်လင်္ကာ ဘုဆတ်ဆတ်ပြောပြီး မိဘတွေအခန်းထဲမှ ထွက်လာခဲ့သည်။

(ဒယ်ဒီလိုမျိုး မိန်းမနားကပ်လွန်းတဲ့ အဖေမျိုး မမြင်ဖူးပေါင်)

💮💮💮💮💮💮💮💮💮💮💮💮

"ကိုကိုက ဘာလို့ ကလေးကို နှင်ထုတ်လိုက်ရတာလဲ"

သားထွက်သွားသည်နှင့် မိုရှန် ကိုကို့ကို ဟောက်လိုက်၏။

"မိန်းမကလည်း သားက တနေကုန် မိန်းမလေးအနားမှာလေ။ကိုကို့မှာ company ကပြန်လာရင် ဒီအချိန်လေးပဲကပ်ရတာကို နှစ်ယောက်တည်းနေချင်တာပေါ့ကွာ"

"ဟယ် အဲ့ဒါဆို မို့ကို ဘာလို့ မွေးခိုင်းသေးလဲ"

"ဒီလောက်ကြီးကပ်မယ်မှန်း မသိလို့ပေါ့"

"ခစ်ခစ် ကိုကိုကလေ တကယ်ပဲ ကလေးနဲ့ကိုလိုက်ပြိုင်နေတာ။သားလေးစိတ်ထိခိုက်သွားပြီလား မသိဘူး"

"မထင်နဲ့ မိုလေး။မင်းသားက ကိုကို့ထက် စွမ်းတယ်ကွ။ကိုကိုကသာ အသက် 30 ကျော်မှ အချစ်ကို တွေ့တာ။ကိုကို့သားက ခုကို တွေ့နေပြီဗျာ"

"ဟယ် မိုလည်း မသိရပါ့လား"

"မိုလေးက ဘယ်သိမှာလဲ။မို့ရဲ့ designer သင်တန်းသူတွေနဲ့ပဲ လုံးထွေးနေတာကိုး။မနှစ်ကပြောင်းလာတဲ့ ဟိုဘက်ခြံက ကောင်မလေးက သားထက် နည်းနည်းတော့ ကြီးတယ်။သားက ဘယ်လိုခေါ်တယ်ထင်လဲ။

528+ထောင့်ငါးရာ (Complete)Where stories live. Discover now