Part 12

8.9K 175 2
                                    

Unicode

အပိုင်း - ၁၂

"55, 56 ,57 ,58, 59 ,60 "

"ထိုးပြီကိုကို 12 ထိုးပြီ၊ ဝင်တော့လေ ဝင်တော့ကိုကို"

"မိုလေးကိုယ်တိုင်လုပ်မလား"

"ဟင့်အင်း မကြည့်ရဲဘူး။
ကိုကိုကြည့်ပေး"

ဖုန်းတစ်လုံးရှေ့မှာထား၍ လူလေးယောက်စုံပြုံ ဝိုင်းထိုင်ပြီး မိုလေးရဲ့ဆယ်တန်းစာမေးပွဲအောင်စာရင်းကို ကြည့်နေကြခြင်းဖြစ်သည်။

"ဟူး ရင်တွေ တုန်လိုက်တာ"

"မပူပါနဲ့။ငါ့မြေးက တော်ပြီးသား။
အောင်မှာပါ"

ဖွားကြည်က နှစ်သိမ့်ပေး၏။

"မကြည့်ရဲဘူး ဖွားကြည်ရဲ့ ကြောက်တယ်"

"တွေ့ပြီ ...တွေ့ပြီ ...ဟားဟားဟား
အောင်တယ် ဘေဘီလေး အောင်တယ်။
ဂုဏ်ထူးလည်းပါတယ်"

နေနိုင်ရဲ့ ဝမ်းခေါင်းသံကြီးနဲ့ အော်တဲ့အသံက မနက်ခင်း ၁ နာရီအတွင်းမှာ ထွက်ပေါ်လာသည်။

"ဟယ် ဟုတ်လား။ပြပြ"

"အင်္ဂလိပ်စာ။ဓာတုဗေဒ။ရူပဗေဒ။ဇီဝဗေဒ"

"ဟင် (4) ဘာသာတည်း"

"ဟယ် မြေးလေးရယ်။
(4) ဘာသာလည်း မနည်းပါဘူးကွယ်"

"မိုက ဆရာဝန်ဖြစ်ချင်တာ။မီပါ့မလားတောင်မသိဘူး"

"မမီလည်း ဘာဖြစ်တုံး။ကိုကို နိုင်ငံခြားမှာ ထားပေးမယ်။ဟိုမှာ ဒယ်ဒီလည်းရှိတယ်"

ခုတော့ အိပ်လိုက်ကြစို့ ကလေးတို့ရေ
အချိန်လည်း မနည်းတော့ဘူး"

ဦးထော်မှ အိပ်ဖို့ရန် ဆော်ဩလိုက်သည်။

"ကို...ကိုးး။
မို့ကို ဘာလက်ဆောင် ပေးမှာ.....လဲ"

"လိုချင်တာပေးမှာပေါ့ဗျာ။ပြော ...
ဘာလိုချင်လဲ"

(ကိုကို့ဆီကဝန်ခံစကား)

မိုရှန် စိတ်ထဲမှ ပြောမိပေမဲ့ လက်တွေ့မှာတော့

"ဘာမှမလိုချင်ပါဘူး။
မို့ကို တနေကုန်အချိန်ပေးပြီး လျှောက်လည်ပေးရမယ်။ရုပ်ရှင်ကြည့်မယ်။မုန့်စားမယ်။ကစားကွင်းသွားမယ်"

528+ထောင့်ငါးရာ (Complete)Donde viven las historias. Descúbrelo ahora