Part 20

9.3K 146 0
                                    

Unicode

အပိုင်း - ၂၀

"မိုရှန်လားဟင်"

"မမနှင်းပွင့်စံ"

မိုရှန် Shopping Mall ထဲမှာ ဟိုဟိုဒီဒီငေးနေတုန်း ခေါ်သံကြား၍ လှည့်ကြည့်သည်။

"တူပါတယ်လို့ ကြည့်နေတာ။ကြည့်စမ်း။မှတ်တောင်မမှတ်မိတော့ဘူး။လှလာလိုက်တာ။ဆံပင်တွေတောင် ရှည်လာပြီပဲ"

မိုရှန်အခုမှ မမနှင်းပွင့်စံကို သေချာကြည့်မိ၏။မပေါ့မပါးကြီးနဲ့တောင်
ဖြစ်နေပြီ။

(ကိုကိုတို့က ဘေဘီလေးတောင် ရတော့မှာပါ့လား။ကိုကိုပါလား မပါလား မိုရှန်မသိချင်တော့ပါ။မမြင်ချင်တဲ့သူတွေကို မမြင်ပါရစေနဲ့တော့။မိုရှန့်ဒဏ်ရာက မကျက်သေးဘူးလေ)

"မိုရှန်သွားတော့မယ်မမ"

"နေပါဦး ညီမလေးရယ်။ခဏလေးစကားပြောရအောင်ပါ"

"မိန်းမ ဘာလုပ်နေတာလဲ။သွားကြစို့ အချိန်နီးနေပြီ"

ယောက်ျားတစ်ယောက်က နှင်းပွင့်စံအနားရောက်လာပြီး ခေါ်၏။

"အသိ‌တွေလား"

ထိုသူကပဲ ထပ်မေးပြန်သည်။

(သူက ဘာလို့ မမနှင်းပွင့်စံကို မိန်းမ လို့ခေါ်ရတာလဲ။ဘာတွေဖြစ်ကုန်တာလဲ။
ဒါဆို ကိုကိုကရော။ကိုကိုနဲ့မမက လက်ထပ်လိုက်ကြပြီ မဟုတ်ဘူးလား)

တွေးရင်းနဲ့ မိုရှန့်ကမ္ဘာကြီး ချာချာလည်သွားသည်။

"ညီမလေး အခုလောလောဆယ် ရှုပ်ထွေးနေမယ်ဆိုတာ မမသိပါတယ်။
မမလည်း အခုက OG ပြဖို့ ဝင်လာရင်း ဗိုက်ဆာလာလို့ နီးရာဒီထဲရောက်လာတာ။
အချိန်သိပ်မရဘူးညီမလေး။
မမမှာ ရှင်းပြစရာတွေရှိတယ်။

မနက်ဖြန်  9 နာရီလောက် ဗိုလ်တစ်ထောင်ဘုရားဘက်ကို လာခဲ့နော်။မမစောင့်နေမယ်။ညီမလေးကိုကိုနဲ့ပတ်သက်ပြီး  ပြောပြစရာတွေရှိတယ်"

နှင်းပွင့်စံက ပြောချင်ရာပြောပြီး ထွက်သွားလေပြီ။
မိုရှန့်မှာသာ နေရာမှာတင် ရပ်ပြီး
ကြောင်ငေးမိနေဆဲ။

(ကိုကို့ကို မုန်းခဲ့မိတာ မှားများမှားသွားပြီလား)

💮💮💮💮💮💮💮💮💮💮💮💮

528+ထောင့်ငါးရာ (Complete)حيث تعيش القصص. اكتشف الآن