Part 2

12K 228 4
                                    

Unicode

အပိုင်း ၂

🤎 လေးနှစ်ကြာပြီးနောက်

"တိုတို"

"ဗျ"

"ice-cream ချားချင်တယ်"

"ချောင်းတွေဆိုးနေတာလေ။ပျောက်မှစားရမှာပေါ့"

"ဟင့်..အင်း။ချားချင်တယ်"

ကလေးသေးသေးလေးက ခြေလေးဆောင့်၍ ပူဆာနေ၏။

"မိုလေးက လိမ္မာတယ်ကွာ။မဆိုးရဘူး"

"ချားချင်တယ်။ ice-cream ချားချင်တယ်။‌‌ထု ဝယ်ပေး"

ခြေထောက်လေးဆောင့်ပြီး ငိုမဲ့မဲ့နဲ့ပူဆာနေသော (3)နှစ်အရွယ် ကလေးလေးကို ကြည့်ပြီး နေနိုင်အောင်လွှမ်း သနားရပြန်ပါသည်။

"ကဲ ဦးထော်ရေ။ လမ်းထိပ်က စတိုးကနေ ice-cream လေးသွားဝယ်ပေးပါဦး။ဒီမှာ သောင်းကြမ်းတော့မယ်"

"အင်း......ဆရာက သူ့ကို အလိုလိုက်လွန်းအားကြီးတယ်"

"ချစ်လို့ပေါ့ဗျာ။သူ့မှာ ဆိုးစရာဆိုလို့ ကျွန်တော်ပဲရှိတာကို ဆိုးပါစေ"

အချိန်တွေကုန်တာမြန်လွန်းပါသည်။ဇင်နိုင်းနှင့်မေမီထွက်သွားတာမိုရှန်လေးတစ်သက်‌တောင် ရှိတော့မည်။

💮💮💮💮💮💮💮💮💮💮💮💮

လွန်ခဲ့သော အတိတ်ကာလဆီ

နေဇင်နိုင်းနဲ့မေမီချမ်းမြ တို့နှစ်ယောက် ‌နေနိုင် စီစဉ်ပေးသောရွာသို့ ခိုးပြေးလာခဲ့ကြသည်။ချစ်သူနှစ်ဦးပေါင်းဖက်ခွင့်ရခဲ့သော်လည်း အသက်ရှည်ရှည် ကျန်းမာချမ်းသာစွာ မနေခဲ့ရပေ။ရာသီဥတုအပြောင်းအလဲဒဏ်မိဘများ၏ စွန့်ပစ်မှုဒဏ်များကြောင့်မေမီတစ်ယောက် သမီးလေးမွေးဖွားပြီး တစ်ပတ်အကြာမှာပဲ   လောကကြီးထဲမှ တိတ်ဆိတ်စွာထွက်ခွာသွားခဲ့သည်။

မေမီ့စိတ်ဖြင့် မေမီ့အမေတစ်ယောက် သူ့အရင် ထွက်သွားခဲ့သည်ကိုတော့ မေမီမသိနိုင်ခဲ့ပါ။ဇင်နိုင်းလည်း ဇနီးစိတ် မိဘများ၏ ဖိအားဒဏ်များကြောင့် အရက်ကိုသာ အဖော်ပြုခဲ့သည်။

သူ့မိဘများမှာ အတ္တမာနတွေကြီးလွန်းပါ၏။ဇင်နိုင်းကို အမွေပြတ်စွန့်လွှတ်သည့်အပြင် တွေ့ရင်တွေ့တဲ့နေရာမှာ အခြေချခွင့်မရအောင် လုပ်ပစ်မည်ဟု ကြေညာခဲ့သည်။

528+ထောင့်ငါးရာ (Complete)Tempat cerita menjadi hidup. Temukan sekarang