Part 14

8.5K 161 0
                                    

Unicode

အပိုင်း ၁၄

"ဦးထော် ဒေါ်ကြည် လာ.....ထိုင်ပါဦး။
ကျွန်တော် စကားနည်းနည်းလောက်ပြောချင်လို့"

သူ ရေတစ်ခွက်သောက်ပြီး ခံတွင်းရှင်းလိုက်၏။ဦးထော်တို့ကို လူကြီးမိဘအရာထားပြီး ပြောရမှာဆိုတော့ နည်းနည်းတော့ ရှက်သလိုလို။

"အဟမ်း....ဟို .....ကျွန်တော်---- "

"ပြောပါဆရာ"

"ဒီလိုပါ။မိုလေးက ကျွန်တော့်ကို အကိုအရင်းမဟုတ်မှန်းသိသွားပြီဆိုတော့..အဲ့ဒါ...ကျွန်တော်တို့နှစ်ယောက်ကလည်း တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှနေကြတော့လေ
အဟဲ -------"

"ဦးထော်တို့ ရိပ်မိပါတယ်ဆရာ"

"ဟာဗျာ။ကျွန်တော်အဲ့ဒီလောက်တောင် သိသာနေပြီလား"

"ကျုပ်တို့က ငယ်ရာက ကြီးလာတာပါကွယ်"

"ဆရာ့ရဲ့ အကြည့်တွေ အပြောတွေ ပြောင်းလဲသွားတယ်ဆိုတာ သတိထားမိတာပေါ့။အဲ့ဒီတော့ ဆရာက ဘယ်လိုစီစဉ်ထားလဲ"

"ရှေ့လဆိုရင် မိုလေးရဲ့ (18) နှစ်ပြည့် မွေးနေ့ရောက်ပြီ။သူကျောင်းပြီးဆရာဝန်ဖြစ်တဲ့အထိတော့ ကျွန်တော်လည်း မစောင့်နိုင်ဘူး။

အဲ့ဒါကြောင့် မိုလေးနဲ့တိုင်ပင်ထားတယ်။ သူ့အသက် 20 ပြည့်တဲ့အချိန်မှ လက်ထပ်မယ်ပေါ့ဗျာ"

"အဲ့ဒီအချိန်လောက်ဆို ဆရာ့အနေနဲ့ နောက်မကျလွန်းဘူးလား"

"ဘယ်တတ်နိုင်မှာလဲဗျာ။သူလည်း အပျိုဘဝကို လွတ်လွတ်လပ်လပ်လေးတော့ နေချင်ရှာဦးမှာပေါ့"

"အိုတော် ရှင်ကလည်းကျုပ်တို့ဆရာက ဒီလောက် နုပျိုနေတာ။မိုလေးနဲ့ လိုက်မှ လိုက်"

"တစ်ခုတော့ရှိတယ်ဆရာ။ဆရာက မြို့မှာအထိုက်အလျောက်လည်း နာမည်ရှိပြီးသား အသိုင်းအဝိုင်းထဲဆိုတော့ နောက်ပြီးဆရာတို့ကိုလည်း မောင်နှမလို့ ထင်ထားကြတော့
ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုဒဏ်ကို အနည်းနဲ့အများတော့ခံရမှာပဲ"

"ကျွန်တော်လည်း အဲ့ဒါစဉ်းစားနေတာ။
မိုလေးရဲ့ ဂုဏ်သိက္ခာအတွက် ကျွန်တော်စဉ်းစားထားတာရှိတယ်။

528+ထောင့်ငါးရာ (Complete)Where stories live. Discover now