Unicode
အပိုင်း - ၇
Restaurant တစ်ခုမှာ သူအရက်မှာပြီး မသောက်စဖူးသောက်နေခဲ့သည်။မိုရှန့်ကို သိပ်ချစ်နေမိပြီဆိုတာ နေနိုင် သူ့ကိုယ်သူ နားလည်သွားပါပြီ။
အသက် (30) ကျော်လာသည်အထိဘယ်သူ့ကြောင့်မှ မခုန်ခဲ့တဲ့သူ့နှလုံးသားဟာ မိုလေးကြောင့် စိတ်တွေ လှုပ်ရှားနေရ။သဝန်တွေလည်း တိုနေရပြီ။
သူ မိုလေးကို ဆုံးရှုံးရတော့မည်ထင်ပါသည်။မိုလေးက မဟာဆိုတဲ့ကောင်လေးကို လူငယ်သဘာဝ သဘောကျနေပြီပဲ နေမှာပါ။
မဟာဆိုတဲ့ကောင်လေးနဲ့ ယှဉ်နိုင်ပါ့မယ်လို့ သူ့ကိုယ်သူမထင်ပေ။မည်သို့ပင် ရုပ်ဖြောင့်ပါသည်၊ နုပျိုပါသည် ဆိုဆိုအသက်အရွယ်နှင့်ယှဉ်လာလျှင် မဟာ့ကို သူ မနိုင်မှန်းရိပ်မိ၏။
ပတ်ဝန်းကျင်ကလည်း သူတို့ကို မောင်နှမအရင်းလို့သာ သိကြသလို မိုလေးကလည်း သူ့ကိုအကိုအရင်းလို့သာ ထင်နေရှာသူ။
သူ့ စိတ်တွေ ဒီလိုဖောက်ပြန်နေတာသာ သိခဲ့လျှင် ပတ်ဝန်းကျင်ကရောဘာပြောကြလေမလဲ။
သွေးမတော် သားမစပ် နှစ်ရှည်လများ
ရိုးသားစွာ အတူနေလာခဲ့ကြတဲ့ မိုလေးရဲ့ ဂုဏ်သိက္ခာတွေကရော ထိခိုက်သွားမလား။မိုလေးကရော သူ့လိုအဘိုးကြီးကို ချစ်နိုင်မှာတဲ့လား။သူတွေးရင်းနဲ့ ခေါင်းတွေချာချာလည် မူးလာ၏။
ဒီနေ့ အိမ်မပြန်ချင်တော့ပေ။
Company ကရုံးခန်းမှာပဲ သွားအိပ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။💮💮💮💮💮💮💮💮💮💮💮💮
(ကိုကိုလည်း ပြန်မလာသေးဘူး)
မိုရှန် အပေါ်ထပ် ဝရန်တာမှနေ၍ ကိုကိုပြန်အလာကို မျှော်နေမိသည်။မိုရှန့်စကားတွေက ကိုကို့ကို စိတ်ထိခိုက်သွားစေသည်မို့ သူမစိတ်မကောင်းဖြစ်နေရ၏။ဒေါသဖြစ်ဖြစ်နှင့် မဟာနဲ့ ကြိုက်နေပြီလို့ ပြောလိုက်မိတာ မိုရှန်မှားသွားပြီထင်ပါရဲ့။
တကယ်ဆို *စိုင်းမဟာ* ဆိုတဲ့ကောင်လေးနဲ့ မိုရှန်ကဖြင့် စကားတောင်ဖြောင့်အောင် မပြောဖူးပေ။
YOU ARE READING
528+ထောင့်ငါးရာ (Complete)
Romanceကိုကို့ ပါးစပ်ကပြောတဲ့ ချစ်တယ် ဂရုစိုက်တယ် ကြင်နာတယ်ဆိုတဲ့ စကားတွေကို "မို" ကြောက်တယ်။ "မို" လိုချင်တာ ဖခင်မေတ္တာငတ်နေတဲ့ သမီးတစ်ယောက်ရဲ့ အချစ်မျိုးမဟုတ်ဘူး။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့ ချစ်ခြင်းမျိုး ကိုကိုရဲ့။ ...