Part 13

8.7K 163 4
                                    

Unicode
အပိုင်း - ၁၃

နေနိုင် မိုရှန့်ခေါင်းလေးကို သူ့လက်မောင်းပေါ်ဆွဲတင်လိုက်သည်။

"မိုလေး"

"ရှင်"

"ဒီည ကိုကိုနဲ့အတူအိပ်"

"ဟုတ် ။ဟင် ..... ဘာ"

မိုရှန့် ခန္ဓာကိုယ် ဆတ်ခနဲတုန်သွားပြီး ကိုကို့ကို အလန့်တကြားကြည့်မိ၏။

"ဟုတ်တယ်။ကိုကိုနဲ့အတူအိပ်လို့"

"ဟာ မအိပ်ပါဘူး။ဖွားကြည်တို့ သိသွားရင် ရှက်စရာကြီး"

"ဘာရှက်ရမှာလဲ။သူတို့မှ အပေါ်ထပ်မလာတဲ့ဟာ။ဘာလဲ ကိုကို့ကို မယုံဘူးလား။ခုနကတောင် ကိုကို ထိန်းနိုင်သေးတာပဲကို"

"ည လာအိပ်ခိုင်းမှတော့ ခုနက ဘာလို့ရပ်လိုက်သေးလဲ"

"ကိုကို မိုလေးဖေဖေကို ကတိပေးထားတာရှိလို့"

"ဘာလဲဟင်"

"ဒါက ကိုကိုတို့ကြားက ယောက်ျား ကတိပါ။ကိုကို အဲ့ဒီကတိကို တည်ချင်တယ်။အဲ့ဒါကြောင့် မိုလေးကို လက်ထပ်ပြီးမှပဲကိုကို ဘယ်လောက်ယောက်ျားပီသကြောင်းပြရမှာပေါ့"

သူအားကောင်းမောင်းသန်နဲ့ ပြောလိုက်၏။

"ကိုကိုနော်"

မိုရှန် ရှက်သွားပြီး ကိုကို့ရင်ခွင်ထဲ ခေါင်းလေးပုထားသည်။ကိုကို့ အနမ်းတွေက အရမ်းကြမ်းပေမဲ့ ချက်ချင်းထိန်းလိုက်နိုင်တဲ့ ကိုကို့စိတ်ကိုလည်း မိုရှန်လေးစားမိပါသည်။

"မိုလေးကို မေးစရာရှိလို့"

"မေးလေ"

"ကလေးလေးအတွက် ဒီနေ့ ကိုကိုရဲ့အနမ်းက ပထမဆုံးလားဟင်"

"မဟုတ်ဘူး"

"ဘာ...."

စူပုပ်သွားပြီး ကိုကို့မျက်နှာက ပြိုတော့မည့်မိုးနှယ်မှုန်မှိုင်းလို့နေ၍ မိုရှန် ရယ်ချင်သွားသည်။

"အဲ့ဒါဆို မိုလည်းမေးမယ်။ကိုကို့ရဲ့ ပထမဆုံး အနမ်းကရော ဘယ်တုန်းကလဲ"

"ကိုကို့ဘဝမှာ ဒီနေ့က ပထမဆုံးအနမ်းပဲ။မိန်းကလေးတစ်ယောက်ရဲ့ နှုတ်ခမ်းကို ထိတွေ့ဖူးတာဆိုလို့ မိုလေးက ပထမဆုံးပဲ"

528+ထောင့်ငါးရာ (Complete)Tempat cerita menjadi hidup. Temukan sekarang