Unicode
ထိုပန်းချီကားကြောင့်အဘွားရဲ့ကိစ္စကိုသူမေ့သွားတာမာမီ့ခေါ်သံကြားမှပဲသတိပြန်၀င်လာခဲ့သည်။
"Kim ဒီတိုင်းဆက်သွားနေရင် သားအဖေက
သားကိုသေချာပေါက်သူ့အရှုပ်ထုပ်တွေထဲ
ဆွဲသွင်းလိမ့်မယ် မာမီဘာကိုပြောလဲဆိုတာ
သားသဘောပေါက်မှာပါ မာမီ့သားကိုတော့အရှုပ်အရှင်းအရေးခင်းတွေထဲမပါစေချင်ဘူး"မာမီ့အပြောကိုသူနားလည်တယ်၊
သူလည်းစီစဉ်ထားတာတွေရှိသားပဲ။"သား ဆေးခန်းဖွင့်ဖို့တွေးထားတယ် မာမီ
ဆေးရုံတွေထက်သားတစ်ယောက်တည်း
သီးသန့်ပဲလုပ်ချင်တယ် မာမီဘယ်လိုထင်လဲ"မာမီကသဘောကျတယ်ထင်ခပ်ပြုံးပြုံးသာ။
"Kim အဆင်ပြေရင်
မာမီကငွေထုတ်ပေးဖို့အဆင်သင့်ပဲ
မာမီညစာကိုသားကြိုက်တာတွေ
ချက်ပေးမယ် ရေချိုးပြီးခဏနားလိုက်ဦး"သူနားလို့မရ၊အဘွားကိစ္စက
ခေါင်းထဲတန်းရောက်လာတာနဲ့
စာကြည့်ခန်းဆီထွက်လာခဲ့သည်။"ပြန်လာပြီလား သားထယ်"
ပါတီကပြီးသွားတယ်ထင်ပါ့၊
အဖေကစာကြည့်ခန်းထဲမှာ။"အဖေ ဘာတွေလုပ်နေလဲ
ကျွန်တော်သိတယ် ဒါပေမဲ့
ပြည်သူပိုင်ပစ္စည်းကိုထိရင်တော့
ကျွန်တော်၀င်ပါရလိမ့်မယ် အဖေ"Victory Kim စကားကို
ကင်မ်ဂူယောင်းက
လှောင်ပြုံးပြုံးသည်။သူ့တပည့်နှစ်ယောက်က
သတင်းလာပို့ပြီးသား။အစ်ကိုလေးကျွန်တော်တို့ကိုတွေ့သွားတယ်ဆရာ၊ပြီးတော့ဟိုအဘွားကြီးကိုသနားနေတဲ့ပုံပဲတဲ့၊သားတော်မောင်ကနိုင်ငံရေးကိုသာစိတ်မ၀င်စားတာ၊သူ့လုပ်ငန်းတွေကိုကျတော့သိပ်ရှုပ်ချင်တာပဲ။
မျိုးချစ်တဲ့သူ့သားကအရင်းရှင်ခေတ်ထဲက
အင်း၊ပြောရမယ်ဆိုရင်ကျောင်းသားဘ၀ထဲမတရားမှုဆိုသိပ်မုန်းတဲ့ကောင်လေးမဟုတ်လား။မတရားမှုတွေကိုလုပ်မိနေမှန်း
သိသော်လည်းမရပ်တန့်နိုင်ခဲ့။"ဟားဟား သားထယ်
ဟိုအဘွားကြီးရဲ့သားက
ရေတပ်ထဲမှာတင်ဆုံးသွားပြီကွ
မင်းသနားနေလည်းအလကားပဲ
ပြီးတော့ အဲ့ဒီအိမ်ကစစ်တပ်ပိုင်"

ESTÁS LEYENDO
BLOOD DIARY ( Complete )
FanfictionJeon JungKook × Kim TaeHyung TopKook / Vottom KookV Myanmar Fanfiction Zawgyi + Unicode ( Own creation ) #SnowBear