Unicode
"သားထယ် ဒီကိုလာ"
Victory Kim လည်းသူ့ကိုနှုတ်ဆက်ချင်ပင်မြဲလှမ်းခေါ်တဲ့အဖေကြောင့်အောက်သက်သက်နှင့်သွားလိုက်ရသည်။
"မြို့တော်၀န်ရဲ့သားကအချောလေးပဲ"
"သားထယ် နှုက်ဆက်လိုက် သူကဖေဖေ့ကျေးဇူးရှင်ဖြစ်သလိုဗြိတိသျှဘုရင်ခံချုပ်ပဲ"
"ဟုတ်ကဲ့ Nice to meet you
ကျွန်တော်က Victory Kim ပါ"ခပ်ဩဩအသံနဲ့အတူ
အင်္ဂလိပ်စကားကပီသစွာထွက်လာသည်။"ဂျက်ဆီကာသာမြင်ရင် Victory ကိုသဘောကျမယ်ထင်သလား မြို့တော်၀န်ကင်မ်"
ဘုရင်ခံချုပ်ဘက်ကစပြီးသားသမီးရေးရာပြောလာပြီမို့ကင်မ်ဂူယောင်းလွန်စွာပျော်နေသည်။
သားမွေးခဲ့တာသိပ်မှန်တာပဲလို့တောင်တွေးမိသွားသည်အထိ၊ဒီလိုဆိုတော့လည်းသူ့သားကသူ့အလုပ်မှာအသုံး၀င်တဲ့နေရာရှိသေးသားပဲ။
"တစ်ရက်လောက်သမီးဂျက်ဆီကာနဲ့
မိသားစုတွေညစာအတူစားခွင့်ရချင်ပါတယ်""ဟားဟား မဟုတ်ရင်တောင် ဂျက်ဆီကာကဒီကို
သိပ်လာချင်နေတာ သူ့မာမီကိုပါခေါ်လိုက်မယ်"တဟားဟားအော်ရယ်နေတဲ့မျက်နှာဖြူကောင်ကို Victory ကြည့်လို့မရပေ၊ဘယ်ဘ၀ကရေစက်တွေပါလိမ့်၊ကျက်သရေကိုမရှိလိုက်တာနော်။
"နောက်ပြီး ကျုပ် မြို့တော်၀န်နဲ့မိက်ဆက်ပေးဖို့ကိုယ်စားလှယ်တစ်ယောက်ပါတယ် Ian မင်းဒီကိုခဏလောက်လာပါဦးကွာ"
နက်ဆွေးဆွေးအနောက်တိုင်းဝတ်စုံနဲ့သိပ်ကြည့်ကောင်းလွန်းတဲ့ထိုလူကသူ့ကိုစိုက်ကြည့်ရင်းပင်အနားကိုလျှောက်လာလေသည်၊ဘာကြောင့်မှန်းမသိ Victory ရှက်သလိုမျက်နှာတွေထူပူသွား၏။
"သူကပါရီမြို့စားရဲ့ညာလက်ရုံးပဲ ကျုပ်တို့လုပ်ငန်းသစ်အတွက်တာ၀န်ခံပေါ့၊ ကျုပ်ဒီကိုပြန်မလာခင်ကျုပ်ကိုယ်စားသူကလှုပ်ရှားလိမ့်မယ်"
" Ian ကျုပ်နာမည် Jeon Ian "
ခပ်ပြတ်ပြတ်လေသံက Victory Kimရဲ့ရင်ကိုလှုပ်ခတ်စေခဲ့သည်။နောက်ဆုံးတော့ Victory ထိုလူရဲ့အမည်နာမလေးကိုသိခွင့်ရခဲ့ပြီ၊ဘာကြောင့်လဲမသိပင်မဲ့နှလုံးသားထဲပဲ့တင်တဲ့ထိထိုလူရဲ့နာမည်ကိုသူရေရွတ်နေမိတာ၊ဒါပေမဲ့ဘာလို့ပါရီသားလဲ? ၊Victory သူ့ကိုပါရီသားလို့မထင်ပါ၊သူ့မျက်နှာချောချောကကိုရီးယားလူမျိုးဖြစ်မယ်ထင်ခဲ့တာ၊ Victory ကို သူစကားစပြောတော့လေသံကလုံး၀မဝဲနေတာကြောင့်ပင်။

YOU ARE READING
BLOOD DIARY ( Complete )
FanfictionJeon JungKook × Kim TaeHyung TopKook / Vottom KookV Myanmar Fanfiction Zawgyi + Unicode ( Own creation ) #SnowBear