Unicode
"လွန်ခဲ့တဲ့ငါးနှစ်တည်းကလို့ပြောခဲ့မဟုတ်လား ကျွန်တော်နားကြားမှားတာတော့မဟုတ်ဘူးမလား Jeon"
ကမ်းနားဈေးတွင်ခြေရာချင်းထပ်အောင်သူတို့လျှောက်သွားပြီးနောက်IanကTaehyungကိုအိမ်ပြန်လိုက်ပို့ပေးတာပင်။
ကားပေါ်မှာတုန်းကငြိမ်နေခဲ့တဲ့ Taehyung မှာသူနေတဲ့အခန်းရှေ့ရောက်တော့မှပဲIanကိုမေးခွန်းထုတ်လာလေသည်။
"မမှားပါဘူး Kim, Kim ကြားလိုက်တဲ့ငါးနှစ်ဆိုတဲ့စကားကမှန်ပါတယ် လွန်ခဲ့တဲ့ငါးနှစ်တုန်းက ဆေးကောလိပ်ကကျောင်းသားတွေ ပါရီဆေးရုံမှာ အလုပ်သင်အဖြစ် ခဏတာလာခဲ့ရတယ် အဲ့တုန်းက Kimလည်းပါတယ်မဟုတ်လား Kimမှတ်မိမှာပါ အဲ့ဒီထဲက ဆရာ၀န်ပေါက်စလေးတစ်ယောက် ပါရီဆေးရုံရဲ့အပင်ကြီးအောက်မှာ ပုံထိုင်ဆွဲနေတာကို မြို့စားမင်းရဲ့လက်ထောက်ကတွေ့ပြီး မြင်မြင်ချင်းနှစ်သက်ရာကနေ စွဲလမ်းမိသွားတယ်တဲ့"
သူမှတ်မိအောင်သေချာပြောပြနေတဲ့ Ian ကို Taehyung ငေးကြည့်နေမိသည်။
အချစ်ကဆန်းကြယ်လိုက်ပုံများ၊ဘယ်လိုအချိန်ခါမျိုးမှာမဆိုချစ်မိသွားနိုင်ပြီးချစ်ခြင်းရဲ့အတိမ်အနက်ကိုလည်းခန့်မှန်းလို့မရတဲ့အထိအချစ်ကဆန်းကြယ်ပါသည်။
"ကျွန်တော် မှတ်မိပါတယ် Jeon ကျွန်တော် Jeon ကို တကယ် သတိမထားမိခဲ့ဘူးပဲ"
"Kim အခုကိုယ့်ကိုသတိထားမိပေးရင်လည်းသိပ်နောက်မကျသေးပါဘူး ကိုယ့်ဘက်က Kim ကိုအမြဲသတိထားမိနေပြီးစွဲလမ်းပေးမှာမို့ ကိုယ့်ကိုပြန်ချစ်ပေးနိုင်မလား Kim?"
ရုတ်တရက်ဆန်တဲ့ Taehyung ရဲ့ အပြုမူကြောင့် Ian မှာကြောင်အစွာသွားရပင်မဲ့အလျင်မြန်ပင် Taehyung ခါးကိုဆွဲဖက်ကာရင်ဘတ်ချင်းပူးကပ်စေပြီးနှုတ်ခမ်းချင်းပြန်လည်ထိကပ်လိုက်၏။
ဟုတ်ပါတယ် Taehyung က Ian ကိုစတင်နမ်းလိုက်တာမို့ Ian လည်းထိုအခွင့်အရေးကိုလက်လွတ်မခံတော့ချေ။
" ချစ်တယ် ဒါလင် ကိုယ်ဖြင့် Kim ကိုသိပ်ချစ်တာပဲ "
"ကျွန်တော်လည်းချစ်တယ် Jeon ကို"

KAMU SEDANG MEMBACA
BLOOD DIARY ( Complete )
Fiksi PenggemarJeon JungKook × Kim TaeHyung TopKook / Vottom KookV Myanmar Fanfiction Zawgyi + Unicode ( Own creation ) #SnowBear