7

460 36 0
                                    

Unicode

"ဆေးရုံကိုလာ‌စစ်ဆေးတာလား မြို့စားမင်း"

"ဟုတ်တယ်ဗျာ အလုပ်သင်ဆရာ၀န်တွေလည်းရောက်နေတယ်ဆိုတော့လိုအပ်တာလေးတွေထောက်ပံ့ရအောင်လို့စစ်တမ်းလာကောက်တာ"

"Ian ငါဆေးရုံမှူးနဲ့စကားပြောလိုက်ဦးမယ် ပြီးမှပြန်တွေ့ကြမယ် မင်းကာဖီသွားသောက်‌နေလိုက်"

Ianသိပါတယ်၊ဆေးရုံမှူးနဲ့မြို့စားမင်းစစ်တမ်းကောက်ပြီးဆေးဝါးတွေကိုဈေးတင်ကာရိုက်စားလုပ်ကြမယ်မှန်း၊သို့သော်သူကယုံကြည်အောင်နေရမည့်လူမို့ထိုအဆောက်ဦးထဲမှထွက်လာလိုက်သည်။

ဆေးရုံး၀င်းထဲ Ian လျှောက်ပတ်နေတုန်းသစ်ပင်အောက်မှာဂျူတီကုတ်အဖြူလေးနဲ့ပုံထိုင်ဆွဲနေတဲ့ကောင်လေးကိုသူတွေ့လိုက်ရသည်။Ianနဲ့သူကအသက်ရွယ်သိပ်ကွာမယ်မထင်ပါ။ဘောင်းဘီအိတ်ထဲကဈေးကြီးပေးထားရတဲ့ပြင်သစ်နိုင်ငံထုတ်ကင်မရာလေးထဲထိုကောင်လေးရဲ့ပုံရိပ်ကိုအလျင်မြန်ပင်အကြောင်းမဲ့ဖမ်းယူလိုက်မိသည်။

ထိုအရိပ်လေးကိုကြည့်ရင်းIan ခပ်တိုးတိုး
ရေရွတ်လိုက်မိသည်က' လှတယ် ' ဟူ၍။

ဘယ်သွားသွား
ကင်မရာကိုင်သွားတတ်တာကိုက
Ianရဲ့အကျင့်တွေထဲကတစ်ခုပင်။

ထိုနေ့က Ian ပုံဆွဲနေတဲ့ကောင်လေးကိုငေးကြည့်နေမိသည်မှာမြို့စားမင်းအခေါ်လွှတ်တော့မှပဲသူအသိ၀င်တော့တယ်၊ဘယ်လိုခံစားချက်ကြီးလဲ။

ထိုကောင်လေးကိုတွေ့ပြီးနောက်နေ့တိုင်းဆေးရုံကိုမြို့စားမင်းသွားပြီးစစ်တမ်းကောက်ပါစေလို့ဆုတောင်းရတာအမော၊သို့သော်ကံကြမ္မာကသူ့ကိုမျက်နှာသာမပေးခဲ့၊သုံးလလောက်ကြာမြင့်ပြီးမှဆေးရုံသို့ Ian နောက်တစ်ခေါက်ပြန်ရောက်ခဲ့သည်။ဒါပေမဲ့လည်းထိုကောင်လေးမရှိတော့ပါ။

နောက်မှသိလိုက်ရတာကထိုကောင်လေးဟာပါရီဆေးကောလိပ််မှကျောင်းသားဖြစ်ပြီးဒီဆေးရုံဆီအလုပ်သင်ဆရာ၀န်အဖြစ်‌ခဏတာလာရတာလို့Ianသတင်းရခဲ့သည်။

ပိုပြီးသေချာသွားသည်ကIanထိုကောင်လေးကိုစွဲလမ်းနေမိတယ်ဆိုတာကိုပဲ၊ Victory Kim ဆိုတဲ့နာမည်နဲ့ကိုရီးယားလူမျိုးဖြစ်ကြောင်းကလွဲလို့
ထိုကောင်လေးကိုပိုမသိခဲ့၊အဖြူမဲဓာတ်ပုံထဲကကောင်လေးကိုနှစ်ရှည်လများရူးသွပ်နေမိသည်မှာဘယ်မိန်းကလေးကိုမှရင်ထဲထည့်လို့မရသည်အထိထို‌ကောင်လေးကိုမှIanချစ်််မိသွားခဲ့သည်။

BLOOD DIARY  ( Complete )Onde histórias criam vida. Descubra agora