3

707 44 0
                                    

Unicode

အိမ်ပြန်ရောက်တော့မှ
အထိုးခံထားရတဲ့ပါးဟာတဖြေးဖြေးနဲ့
အတော့်ကိုယောင်ကိုင်းလာလေသည်။

"အ့ နာလိုက်တာ"

နာနီကသူ့ကိုဆေးထည့်ပေးရင်း
မသက်သာစွာကြည့်လာသည်။

"သခင်လေးရယ် ပြီးတော့မှာပါကွယ်
ဆေးမထည့်ဘဲ လျှောက်သွားနေရလား
မတော်တဆပိုး၀င်သွားရင်အမလေးနော်"

သူခပ်ဟဟရယ်မိသည်၊ဆရာ၀န်ကို
နာနီကပြန်ဆရာလုပ်နေတာပါလားနော်။

"‌နာနီ ကျွန်တော်ကဆရာ၀န်ပါ
ဒီလောက်နဲ့ဘာမှမဖြစ်ပါဘူးဗျာ"

"နာနီသိပါတယ် သခင်လေးရယ် သခင်ကြီးအမျက်ထွက်အောင်လုပ်မနေပါနဲ့လားကွယ်
အရာရာဟာအကြောင်းရှိလို့ဖြစ်လာတယ်ပဲ
သဘောထားပြီးမျက်ကွယ်ပြုလိုက်ပါကွယ်
ဒါမျိုးဖြစ်နေကျပဲကိုသခင်လေးသိပါတယ်"

Victory မသိတာမှမဟုတ်ပဲ၊
ဒီလိုမတရားမှုတွေဖြစ်နေတာ
သူငယ်ငယ်လေးတည်းကပင်။

နာနီဟာအဖိုးလက်ထက်တည်းကကင်မ်စံအိမ်တော်ကြီးရဲ့မီးဖိုချောင်အကြီးကဲဖြစ်သည်။

ဒါကြောင့် နာနီကချော့မော့ကာ
သခင်လေးကိုသတိထားပေးရခြင်းသာ။

Victory Kim ရဲ့အဖိုးဟာ
အရင်းရှင်တစ်ယောက်။

သူကျောင်းပြန်လာတိုင်း
မြင်နေရတဲ့ရင်နာစရာမြင်ကွင်းများ၊
အခွန်မပြေးနိုင်၊ချေးငွေအတိုးနှုန်းများ
မပေးနိုင်တဲ့လူတွေကိုအိမ်ထိဖမ်းခေါ်ပြီး
ရိုက်နှက်တတ်တာသူမျက်မြင်ကိုယ်တွေ့။

အဖေကလည်းအဖိုးသွေး
အပြည့်ပါတယ်ဆိုရမလား၊
ခေတ်စနစ်တွေပြောင်းသွားတာလည်း
အပေါ်ဖားအောက်ဖိစနစ်ကမပြောင်းလည်း၊

အဖိုးရဲ့အရှိန်ဝါနဲ့အဖေဟာမြို့တော်၀န်ဖြစ်လာခဲ့ပြီးအခွန်ငွေတွေကိုပြည်သူတွေဆီကနှိပ်ကွက်‌ပြီးတောင်းနေဆဲပဲ။

ဒီကိစ္စတွေကိုအရာရှိတော်တော်များများ
သိကြပင်မဲ့လည်းလက်ဝါးချင်း
ရိုက်ထား၍ပြောမည့်သူမရှိ။

အခုလည်းသူတွေးတာသာမလွဲရင်အဖေက
ဗြိတိသျှတွေနဲ့တစ်ခုခုလုပ်ထားပုံရသည်။

BLOOD DIARY  ( Complete )Onde histórias criam vida. Descubra agora