17

462 25 1
                                        

Unicode

"ရေနဲ့ပက်ပြီးနှိုးလိုက် ရိုးရိုးရေမဟုတ်ပဲရေခဲရေနဲ့ သူ့ကြောင့်အချိန်တွေအကုန်မခံနိုင်ဘူး"

သားကိုတရားခံလိုဖမ်းပြီးထိုင်ခုံမှာ
ကြိုးတုပ်ထားတဲ့မြို့တော်၀န်ကင်မ်။

ဖြန်း!

"အဟွတ်...အဟွတ်"

"နိုးလာပြီပေါ့ သားထယ်"

မေ့ဆေးကြောင့်အနည်းငယ်မူးဝေနေပင်မဲ့အဖေဖြစ်သူကို Taehyung သေချာမြင်လိုက်ရသည်။

ဘယ်တော့မှသူ့အပေါ်
မကောင်းခဲ့တဲ့လူကိုပေါ့။

"ဟက် ဘယ်သူများလဲလို့ မကောင်းဆိုးဝါးမြို့တော်၀န်ဖြစ်တဲ့နှစ်ယောက်မရှိတဲ့ငါ့အဖေပဲ"

မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့အဖေဟာတခြားအဖေတွေလိုမျိုးကာကွယ်ပေးမဲ့လူမဟုတ်ပဲသူကိုယ်တိုင်သာသားကိုသတ်ပစ်မဲ့လူမျိုးပါ။

"ငါ့လက်ထဲရောက်နေတာတောင်
အခုလို တုံ့ပြန်နိုင်သေးတယ်ပေါ့"

"အဖေ့ကိုဒီလိုမတုံ့ပြန်နိုင်စရာအကြောင်းမှမရှိပဲ"

"ခေါ်လာခဲ့"

သေနတ်နဲ့နားထင်ကိုအချိန်ခံထားရတဲ့လီမင်ဟွာက Taehyung ရှေ့ကိုရောက်လာခဲ့သည်။

"တောင်းပန်ပါတယ် သခင်လေး Kim ကျွန်မအဖေ့ကိုမကျေနပ်ပင်မဲ့ကျွေးမွေးထားတဲ့ကျေးဇူးကြောင့်‌သစ္စာဖောက်မိပါတယ်"

Taehyung မအံ့ဩမတော့ပါဘူး၊နောက်ဆုံးကျကျေးဇူးတရားနဲ့သံယောဇဉ်ကလူကိုသေတွင်းထဲတွန်းချတော့တာပဲ။

"အစကတော့သူ့ကိုခြိမ်းခြောက်ပြီး Jeon Ian ကိုဖမ်းမို့ပဲ ရေစက်ကြောင့်ထင်တယ် ပါရီကိုထွက်သွားပါတယ်ဆိုတဲ့ငါ့ရဲ့တစ်ဦးတည်းသောသားလိမ္မာလေးကအဲ့မှာရှိနေခဲ့တယ်လေ Jeon Ian ကိုဖမ်းလို့မရပင်မဲ့သူ့အားနည်းချက်ကိုတော့ရထားတာပဲ ငါ့အတွက် အကျိုးတော့မယုတ်ဘူးပေါ့"

"ဘာလို့ အဖေက ဒီလိုလုပ်ရတာလဲ"

"အဲ့မေးခွန်းက ငါ့ကိုမဟုတ်ပဲ မင်းရဲ့ Jungkook ကိုသွားမေးရမှာ ဘာလို့တော်လှန်ရေး လုပ်နေတာလဲ ကိုရီးယားလူမျိုးတဲ့လား ရာရာစစ ငါ့ကိုမင်းတို့ပေါင်းပြီးလိမ်ထားနိုင်မယ်လို့ထင်နေတာလား"

BLOOD DIARY  ( Complete )Tempat cerita menjadi hidup. Temukan sekarang