Unicode
"ကိုယ်ပေးတဲ့လက်ဆောင်ကို
သေချာသိမ်းထားရမယ်နော် Kim""ဒီလောက်အဖိုးတန်တာကိုမှ မသိမ်းထားရင်ကျွန်တော်ရူးနေလို့ပဲ Jeon ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတရားဆိုတာကိုယ်တို့ကြားမှာမလိုအပ်ဖူးလို့ထင်တယ်နော် Kim ကိုယ်ကလေKimကိုဆိုရင်လိုလိုလားလားနဲ့ကိုယ့်ဘ၀ကြီးကိုပါပေးချင်နေတာသိရဲ့လား Kimကလက်မခံချင်ဘူးလားဟင်"
"အို! Jeon ကလည်း"
Taehyung ရှက်လာတာမို့ Jeon ဆီကအကြည့်လွှဲလိုက်မိတော့သူတို့ဆီကိုလျှောက်လာနေတဲ့မြို့တော်၀န်ကင်မ်ကိုတွေ့လိုက်ရသည်။
"ပြေး...ပြေးမယ် Jeon အဖေလာနေတယ်"
Ian မှာလည်း Taehyung ရဲ့အဖေလာနေတယ်ဆိုတဲ့စကားကြောင့် Taehyung လက်လေးကိုတင်းတင်းကြပ်ကြပ်ဆွဲကိုင်ရင်းကမ်းနားဈေးတန်းမှပြေးထွက်လာခဲ့ပြီးချောင်ကျတဲ့နေရာတစ်ခုတွင်သူတို့နှစ်ယောက်ပုန်းခိုလိုက်သည်။
Taehyung ရဲ့ရင်ဘတ်မှာမြင့်ချည်နိမ့်ချည်ဖြစ်နေပြီးပြေးလာတာကြောင့်လား၊မြို့တော်၀န်ကိုကြောက်နေ၍လားမသဲကွဲချေ။
"နေပါဦး Kim ဘာလို့ပြေးရတာလဲ"
ဟုတ်ပါရဲ့၊ဘာလို့ပြေးလာမိမှန်း
Taehyungကိုယ်တိုင်လည်းမသိ။Jeonနဲ့အတူရှိနေတာကိုအဖေမေးခွန်းထုတ်မှာစိုးရိမ်၍လား၊အိမ်ပေါ်ကဆင်းလာတဲ့ကိစ္စကြောင့်လားဆိုတာကို Taehyung မဝေခွဲတတ်တော့ပါ။
အခုသူ့ပုံစံဟာအပျိုဖြန်းလေးကရည်းစားနဲ့ခိုးတွေ့တာကိုဖခင်ဖြစ်သူမိသွား၍ထွက်ပြေးလာသလိုဖြစ်နေတာကြောင့်ကိုယ့်အတွေးနဲ့ကိုယ်ရယ်ချင်ရက်ပက်ကျိဖြစ်သွားသည်။
"ကျွန်တော်လည်းမသိဘူး Jeonကကောဘာလို့လိုက်ပြေးရတာလဲ"
"ကိုယ်လည်းမသိဘူး Kimကပြေးဆိုလို့ပြေးတာ"
သူတို့နှစ်ယောက်လုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းရယ်မိကြပြန်သည်၊ဒီအဖြစ်ပျက်ကကိုးရိုးကားယားနိုင်လှသလိုငိုရခက်ရယ်ရခက်၊အခုထိသူတို့နှစ်ယောက်လုံးတစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ထားကြတုန်းပင်။

KAMU SEDANG MEMBACA
BLOOD DIARY ( Complete )
Fiksi PenggemarJeon JungKook × Kim TaeHyung TopKook / Vottom KookV Myanmar Fanfiction Zawgyi + Unicode ( Own creation ) #SnowBear