Unicode
Ian သမ္မတအလောင်းအားပြင်သစ်ကိုသွားမဲ့သင်္ဘာဆီစိတ်ချရတဲ့လူနဲ့တင်ပေးပြီးနောက်ဘုရင်ခံချုပ်ဆီတင်ပြရန်ထွက်လာခဲ့တော့ဘုရင်ခံချုပ်ကပါရီပြန်ဖို့အတွက်အထုတ်ပိုးတွေပြင်နေလေသည်။
"Ian ရေ တောင်ကိုရီးယားကိုငါတို့ပိုင်ပြီဆိုတော့ ဘဏ်တွေဆက်ဆောက်ဖို့အစီရင်ခံရမယ် ပါရီပြန်ကြရအောင်ကွာ"
"ကျူပ်နေခဲ့ပါရစေ ဘူဆန်ကပြန်လည်တည်ဆောက်ရေးမှာကြီးကြပ်ချင်တယ်"
"ဟုတ်ပြီကွာ ဒါဆိုမင်းဘူဆန်ကိုသွား
ငါလည်းငါ့သမီးနဲ့မြို့တော်၀န်ကင်မ်သားမင်္ဂလာဆောင်ကိုလာပြန်လုပ်မှာဆိုတော့ပြီးမှပဲပြန်လိုက်ခဲ့ပေါ့ကွာ တစ်ခုမှာခဲ့မယ် ဘူဆန်ပြန်လည်တည်ဆောက်ရေးမှာ ဟိုကောင်တွေလာရှုပ်ရင် အကုန်...ရှင်းပစ်"မင်္ဂဆောင်ဆိုတဲ့စကားကြောင့်Ian မှာမနည်းစိတ်ကိုထိန်းချုပ်ထားရသည်။အယုတ်တမာသမီးနဲ့ကျုပ်ရဲ့ကင်မ်ကတူသလား၊တန်သလားလေ။
Ian ခေါင်းတစ်ချက်ငြိမ့်ပြပြီး
ဦးတည်မိသည်က Kim ရှိရာဆီ။သို့သော် အခန်းတွင် Kimရှိမနေပဲ ပစ္စည်းတွေလိုက်သိမ်းနေတဲ့ Jimin ကိုသာတွေ့ရသည်။
"ခေါင်းဆောင်"
"Kimဘယ်မှာလဲ"
"မြို့တော်၀န်က Victory ကိုစံအိမ်ထဲပိတ်ထားတယ် စံအိမ်ပတ်ပတ်လည်မှာ ဗြိတိသျှစစ်သား တွေကိုအစောင့်ချထားတယ် ပြီးတော့ သူမင်္ဂဆောင်တော့မဲ့သတင်းတွေလည်းပျံ့နေတယ် အခု သူ့ကိုပစ္စည်းတွေစံအိမ်ကိုသွားပို့ပေးမလို့"
"ကျူပ်ပါလိုက်မယ်"
Jimin မလိုက်ပါနဲ့လို့ပြောချင်ပင်မဲ့လည်းခေါင်းမာလွန်းတဲ့သူတို့ခေါင်းဆောင်ကပြောလို့ရမှာမဟုတ်တာမို့ Victory ရဲ့ပစ္စည်းတွေကိုခေါင်းဆောင်ရဲ့ကားပေါ်တင်လိုက်၏။
စံအိမ်ရဲ့ခြံရှေ့ရောက်တော့တကယ်ပဲဗြိတိသျှစစ်သားတွေကိုခြံရှေ့မှာပါအစောင့်ချထား၏။
Taehyung မှာကားသံကိုတစ်စွန်းတစ်စကြားမိတာကြောင့်စာဖတ်နေရင်းထကြည့်လိုက်တော့ သူ့ရဲ့Jeon၏ကားဖြစ်နေသည်။

ESTÁS LEYENDO
BLOOD DIARY ( Complete )
FanfictionJeon JungKook × Kim TaeHyung TopKook / Vottom KookV Myanmar Fanfiction Zawgyi + Unicode ( Own creation ) #SnowBear