Unicode
ဘုရားကျောင်းရဲ့ဓမ္မတေးသံကြောင့် Taehyung အိပ်ရာကနိုးလာခဲ့တယ်၊သူ့ဘေးမှာ Jeon အိပ်နေတာပဲ၊ကိုယ့်ချစ်သူနဲ့အတူနှိုးထရတဲ့မနက်ခင်းတွေလောက်ပြီးပြည့်စုံတာမျိုးရှိပါ့မလား။
ဘေးနားမှာအိပ်စက်နေတဲ့အမျိုးသားဟာသိပ်ကိုပင်ပန်းပြီးခဲ့ပြီမို့အနားယူစေချင်တာကြောင့် Jungkook ကိုယ်ပေါ်ကို Taehyung စောင်ဆွဲခြုံပေးလိုက်ပြီး အခန်းထဲကထွက်လာခဲ့သည်။
အိမ်ထဲမှာအရာရှိကော၊ပါမောက္ခကိုပါမတွေ့တာကြောင့် Taehyung ဘုရားကျောင်းခြံထဲလျှောက်ကြည့်နေလိုက်သည်။
" Jimin? "
ဘုရားကျောင်းအနီးနားမှာကလေးတစ်အုပ်စုနဲ့ဆော့နေတဲ့ Jimin ကြောင့် Taehyung အံ့ဩနေသည်။
" Park Jimin မင်းဒီကိုဘယ်လိုဖြစ်ပြီးရောက်နေတာလဲ"
"စကားပြောကြမလား Taehyung ငါ့မှာမင်းကိုပြောပြစရာတွေရှိနေတယ် "
Taehyung,Jimin နဲ့အတူဘုရားကျောင်းထဲ၀င်လာခဲ့တော့အရာရှိ၊ပါမောက္ခ၊လီမင်ဟွာအပြင်အခြားလူတွေပါ၀တ်ပြုဆုတောင်းနေတာကိုတွေ့လိုက်ရသည်။
" သူတို့က...? "
"အစည်းဝေးအတွက်လာကြတာ ငါရောပဲ"
ဒီအခြေနေတွေကို Taehyung လိုက်မှီဖို့ဦးနှောက်ကိုအလုပ်ပေးနေရသည်၊ဘာလို့အားလုံးကတိုက်ပွဲဖြစ်တော့မလိုပြင်ဆင်နေကြရတာလဲ။
"Taehyung ငါ့အမေဘာလို့သေခဲ့ရလဲသိလား"
"ဟင် အဲ့တာက မင်းတခါမှမပြောခဲ့သလို ငါလည်းမမေးခဲ့ဘူးလေ"
"ငါတို့အိမ်ကဘာလို့သတင်းစာတိုက်ပိုင်ရှင်ဖြစ်နေရလဲဆိုတာ ငါ့အမေကဂျာနယ်လစ်တစ်ယောက်မို့လို့ နောက်ပြီး ငါဒီမှာရှိနေရတဲ့အကြောင်းရင်းကငါ့အမေအတွက်လက်စားချေချင်လို့ပဲ
တစ်ချိန်ကငါ့အမေကနိုင်ငံ့သစ္စာဖောက်ဆိုတဲ့သတင်းခေါင်းစဉ်နဲ့မင်းအဖေကိုဆောင်းပါးရေးခဲ့ဖူးတယ် ပြီးတော့ မကြာလိုက်ပါဘူး သူတို့ အမေ့ကိုဘယ်တော့မှရှာလို့မတွေ့အောင်လုပ်လိုက်ကြတယ်
သတင်းလေးတစ်ပုဒ်ကြောင့်ငါ့အမေအသက်ပေးလိုက်ရတယ် Taehyung ရယ်"
YOU ARE READING
BLOOD DIARY ( Complete )
FanfictionJeon JungKook × Kim TaeHyung TopKook / Vottom KookV Myanmar Fanfiction Zawgyi + Unicode ( Own creation ) #SnowBear