Unicode
"ခေါင်းဆောင်းတို့ကဘုရားကျောင်းမှာပဲတည်းခိုမှာလား ကျွန်မဆီမှာတည်းလည်းရပါတယ်နော်"
"Kimကိုတခြားသူတွေနဲ့လည်းမိတ်ဆက်ပေးဦးမလို့ဘုရားကျောင်းကိုပဲသွားလိုက်မယ်"
"ဒါဆိုမနက်မှကျွန်မလာခဲ့ပါ့မယ် ခေါင်းဆောင်"
"အင်း ကျေးဇူးပဲ မင်ဟွာ"
လီမင်ဟွာကသူတို့နှစ်ယောက်လုံးအတွက်ညစာစီစဉ်ပေးပြီးအရိုသေပေးကာအရက်ဘားစီအလုပ်ပြန်လုပ်နေသည်။
"ဒါနဲ့ ဒါကဘယ်နေရာလဲ Jeon"
"ဘူဆန်မြို့အ၀င်ပဲ ကိုယ့်မွေးရပ်မြေပေါ့"
"ဘူဆန်သား Jeon Jungkook "
"ဟုတ်တယ် Kim"
"မြို့ကတော်တော်လေးကိုခြောက်ကပ်သွားတယ် ပြီးတော့ လယ်သမားတွေလည်းမရှိတော့ဘူး"
"အပြင်မှာစကားပြောကြမလား"
Jungkook ၀မ်းနည်းနေတဲ့ပုံမို့ Taehyung အရက်နှစ်လုံးယူပြီးအရက်ဘားအပြင်ဘက်ကိုခေါ်ထုတ်လာခဲ့သည်။အရက်ဘားရှေ့မှာရပ်ထားတဲ့ကားရဲ့ရှေ့ဖုံးပေါ်သူတက်ထိုင်လိုက်ပြီး Jeon ပါထိုင်ဖို့လက်နဲ့ပုတ်ပြလိုက်သည်။
"ကြမ်းတမ်းခဲ့မှာပဲ Jungkook ရဲ့ ငယ်ဘ၀က"
"သခင်လေး Kim လိုရွှေဇွန်းကိုက်ပြီးမွေးလာတာမဟုတ်တာမို့ သိပ်ကိုခက်ခဲခဲ့ပါတယ်"
"ရွှေဇွန်းကိုက်ပြီးမွေးလာခဲ့ပင်မဲ့ပျော်ဖို့မကောင်းဘူးဆိုတာ Jungkook ကိုသိစေချင်လိုက်တာ"
"ကျုပ်နားလည်ပါတယ်"
"လူကြီးမင်း Jeon ရဲ့ ဘ၀ကိုရွှေရောင်လွှမ်းအောင်လုပ်ပေးမှာမို့ဟောဒီကသခင်လေး Kim ရဲ့အနားမှာခစားချင်လား"
"ဒူးထောက်ဖို့အသင့်ပါပဲ"
တစ်ယောက်မျက်နှာတစ်ယောက်အကြောင်းမဲ့ငေးရင်းအဲ့ဒီတုန်းကသူတို့ပြုံးနေခဲ့ကြတယ်။
"မိုးရွာလာပြီ ကားထဲ၀င်ရအောင် Jeon"
ကားနောက်ခန်းမှာအတူထိုင်ရင်းသူတို့နှစ်ယောက်လုံးတိတ်ဆိတ်နေခဲ့ကြတယ်။
မနက်ဖြန်မှာဘာတွေဖြစ်လာမလဲဆိုတာဘယ်သူမှမသိနိုင်တာမို့ကြိုတွေးပြီးပူပင်ရတာပါပဲ။

BINABASA MO ANG
BLOOD DIARY ( Complete )
FanfictionJeon JungKook × Kim TaeHyung TopKook / Vottom KookV Myanmar Fanfiction Zawgyi + Unicode ( Own creation ) #SnowBear