Unicode
ငါးနှစ်ကြာပြီးနောက် -
"ကျရှုံးသွားတဲ့သူရဲကောင်းများအား အလေးပြု"
ငါးနှစ်ကြာပြီးမှ မြို့တော်၀န်ဖြစ်တဲ့ Kim Taehyung စစ်သင်္ချိုင်းကိုရောက်လာခဲ့သည်။
အကြောင်းမှာတော်လှန်ရေးပြီးဆုံးသွားပြီးကျဆုံးသွားတဲ့ရဲဘော်တွေကိုဂုဏ်ပြုပေးဖို့အတွက်။
ငါးနှစ်တာကြာပြီးတဲ့နောက်မှာအရာအားလုံးရဲ့အဆုံးသတ်ကိုရောက်လာခဲ့တယ်၊Jimin နဲ့အရာရှိတို့စုံတွဲကတော့စစ်ပွဲကာလမှာပြည်သူတွေကိုကယ်ပေးရင်းဗုံးဒဏ်ကြောင့်ကျဆုံးသွားခဲ့သည်။
Taehyung ကတော့အဲ့အရာတွေကိုမြို့တော်၀န်ဖြစ်တဲ့အထိကြည့်နေခဲ့ရတယ်၊သူ့ဘေးကလူတွေတစ်ယောက်ပြီးတစ်ယောက်ဆုံးရှုံးရတာကိုသူတစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့ပြီးရင်နာနာနဲ့မပြယ်တဲ့ကျိန်စာလိုကြည့်နေခဲ့ရတယ်။
အဲ့ဒီနေ့၊ Jeon ကို သူဆုံးရှုံးလိုက်ရတဲ့နေ့ကဘ၀မှာသေချင်ရင်းကနေတိုက်ပွဲ၀င်ချင်တဲ့စိတ်ဖြစ်ပေါ်လာတော့တာပဲ၊ခေါင်းဆောင်ဖြစ်တဲ့ Jeon ရဲ့အမိန့်အတိုင်းသမ္မတသားဖြစ်တဲ့ဒိုမိုဂျွန်းကို Taehyung အားလုံးအတူတူကာကွယ်ခဲ့ကြတယ်။
တခါတလေအသိစိတ်မကပ်တဲ့သူ့ကိုလီယိုကဆူငေါက်ရင်းထိန်းပြန်ရှာတယ်၊တခါတလေတော့လည်းနှစ်ယောက်လုံးက ' ဟျောင်းလ် ' တဲ့လေ။
"ဟျောင်းလ်"
"အာ ကျွန်တော်တို့သမ္မတကြီးက
ကိုယ်တိုင်ရောက်လာတာပါလား""မနောက်တာပါနဲ့ ဟျောင်းလ်ကလည်း
ကျွန်တော်တို့ကအတူတူပဲကို စည်းမခြားပါနဲ့"Taehyung ဟာ ဒိုမိုဂျွန်းနဲ့အတူပြည်သူတွေအတွက်မြို့တော်၀န်ဆိုတဲ့တာ၀န်ထမ်းဆောင်ခဲ့ပြီး
1980ရဲ့နောက်ဆုံးမြို့တော်၀န်အဖြစ်
သမိုင်းထဲတွင်ပါ၀င်နိုင်ခဲ့လေသည်။တစ်ယောက်သောသူကတော့ပြည်သူတွေရဲ့သည်းသည်းလှုပ်ပါပဲ၊အများကြီးပင်ပန်းခဲ့ရပြီးသူ့အသက်အထိပါရင်းခဲ့တဲ့လူမဟုတ်လားလေ။
Jeon ပြောတဲ့ကားချပ်ထဲကအမှန်တရားဆိုတာအမည်မသိပို့လာတဲ့ပန်းချီကားချပ်လေးဖြစ်ပြီးဘောင်ထဲမှာသမ္မတရဲ့သေတမ်းစာကို Jeon ကသူ့ဆီမှာလာဝှက်ထားခဲ့တာပဲ၊ပေးပို့သူကလည်း Jeon ဖြစ်နေပြီးပိုင်ရှင်ကတော့သူဖြစ်နေခဲ့တယ်။

YOU ARE READING
BLOOD DIARY ( Complete )
FanfictionJeon JungKook × Kim TaeHyung TopKook / Vottom KookV Myanmar Fanfiction Zawgyi + Unicode ( Own creation ) #SnowBear