10

461 27 0
                                        

Unicode

နောက်ကြည့်နေတဲ့ခေါင်းနဲ့အတူနိုးထလာတဲ့ထယ်ယောင်း၊စံအိမ်ကသူ့အခန်းဆီပြန်ရောက်နေတာမို့ညကအဖြစ်ပျက်တွေကိုမနည်းပြန်တွေးနေရသည်။

ဒါဆို အဖေကတကယ်ပဲ သူ့ကို
ရိုက်ပြီးပြန်ခေါ်ခဲ့တာပေါ့လေ။

အိပ်ရာထဲကနေထလိုက်သော်လည်းပတ်တီးစီးထားရတဲ့ခေါင်းကြောင့်မိုက်ခဲဖြစ်ကာကုတင်ပေါ်သို့Taehyungမှာထိုင်ရပ်ပင်ပြန်လဲကျသွားရ၏။

ကိုယ့်ကိုကိုယ်ထိန်းရင်းပဲ
တံခါးသွားဖွင့်ရတော့သည်။

ကျစ်! ဘာလဲ အခုငါ့ကို
အခန်းပိတ်ထားတာလား။

တံခါးလက်ကိုင်ကိုလှည့်သော်လည်းပွင့်မသွားတာကြောင့် Taehyung စိတ်အချဉ်ပေါက်နေပြီ။

"မာမီရေ မာမီ နာနီရော ဘယ်သူ့မှမရှိကြဘူးလား ကျွန်တော့်ကိုအခုချက်ချင်းတံခါးလာဖွင့်ပေး!!!"

မိနစ်အနည်းငယ်ကြာတာတောင်ဘယ်လိုတုံ့ပြန်မှုမျိုးမှမရတာကြောင့် Taehyung မှာကုတင်ပေါ်သာပြန်ပြီးတက်အိပ်နေလိုက်တော့သည်။

"သခင်လေးသနားပါတယ် အရိုက်ခံရတဲ့အပြင်နိုးလာတော့လည်းဘာမှမစားရပဲအခန်းထဲနေနေရတယ်လို့"

"ဟဲ့ တိတ်တိတ်နေစမ်း သခင်ကြီးကြားသွားလို့သခင်လေးနေရာမှာ နင်ဖြစ်သွားမယ်သိရဲ့လား"

အစေခံမလေးတွေရဲ့တီးတိုးပြောသံကြောင့်မစ္စကင်မ်မှာငိုမိပြန်သည်။ကင်မ်ဂူယောင်းကသားကိုအခန်းပိတ်သွားတဲ့အပြင်သော့ကိုပါသူသိမ်းသွားလေသည်။သားသတိရလာရင်တော့သူ့ကိုလှမ်းအကြောင်းကြားပါတဲ့လေ။မကြာခင်ဖြစ်လာတော့မဲ့အခြေနေတွေကြောင့်ကင်မ်ဂူယောင်းကိုသူမလည်းဘာမှမပြောချင်တော့ပါ။

မျက်ရည်တွေသုတ်ရင်းသားအတွက်ဆန်ပြုတ်လုပ်ပေးဖို့မီးဖိုချောင်ထဲထွက်လာလိုက်သည်။

BLOOD DIARY


"သိပ်ခေါင်းမမာနဲ့ လက်မှတ်ထိုးလိုက် အစတည်းက အာဏာ‌‌ကခင်ဗျားမှာ ရှိနေတာမှမဟုတ်တာ"

"ငါသေတာတောင်မထိုးပေးနိုင်ဘူး ကင်မ်ဂူယောင်း ငါမင်းကိုညီအစ်ကိုလိုသဘောထားခဲ့တာတောင် အခုလိုအသားထဲကလောက်ထွက်တဲ့လုပ်ရပ်မျိုးနဲ့ပြန်ပြီးကျေးဇူးဆပ်လိုက်တယ်ပေါ့ဟုတ်လား"

BLOOD DIARY  ( Complete )Where stories live. Discover now