1

2.5K 66 0
                                        

Unicode

အချိန်ကား 1982 ခုနစ်။

ဆိုးလ်ဆိပ်ကမ်းတစ်လျှောက်
ဈေးသည်များ၊ကမ်းကပ်လာသော
သင်္ဘောများဖြင့်စည်ကားလျက်ရှိသည်။

ကင်မ်စံအိမ်တော်ရဲ့
သခင်လေး Victory Kim
သို့မဟုတ် မင်းသားလေးလို့ဆိုရမလား။

မျက်မှန်ရွေရောင်ကိုင်းလေးကိုပင့်တင်ကာ
leatherအိတ်နက်ကိုလွယ်ပြီးသူ၏လက်စွဲတော်စက်ဘီးဖြင့်စံအိမ်တော်မှထွက်လာခဲ့သည်။

ညနေစောင်းရင်စံအိမ်မှထွက်ဖို့သူ့အတွက်
မလွယ်ကူ၊ဒီနေ့ဖခင်ရဲ့ပါတီကြောင့်သာချော
မွေ့စွာဆိပ်ကမ်းဆီကိုသူထွက်လာနိုင်ခဲ့သည်။

အိမ်ပြန်ရင်အဆူခံရနိုင်တာကိုသူသိပါသည်
သို့သော် ပန်းချီပြပွဲကတစ်ပတ်မှ
တစ်ခါမို့အရဲစွန့်ကာသူထွက်လာမိပါသည်။

ပြပွဲဟုဆိုသော်လည်းသေချာပြင်ဆင်ထားတာမျိုးမဟုတ်၊ဆိပ်ကမ်းအနီး‌ တွင်ခင်းကျင်းပြီးပြသထားတာကြောင့်လမ်းဘေးဈေးတန်းနှင့်ပင်ဆင်တူသည်။

Victory Kim သည် ဆိုးလ်မြို့တော်၀န်ရဲ့သား၊
မိခင်ဖြစ်သူကပြင်သစ်လူမျိုးနာမည်ကျော်ဒီဇိုင်နာတစ်ဦး၊သူသည်ကပြားတစ်ယောက်ဖြစ်သည်။

ဖခင်ဖြစ်သူကနိုင်ငံရေးသမားမို့ Victory ကို
သူနှင့်ခြေရာတူစေချင်သည်။ Victory ကထိုသို့မဟုတ် အနုပညာကိုသာဝါသနာပါလွန်းသည်။

ပန်းချီနှင့်တေးဂီတကသာ
သူရဲ့ဘ၀လို့ခံယူထားခဲ့သည်။

အခုလိုစံအိမ်မှခိုးပြီးလေဟာပြင်
ဈေးတန်းကိုရောက်နေတာသိပါက
သူ့ကိုပြေးထွက်ရကောင်းလားဆိုကာ
အိမ်စေများကြိမ်စာမိမှာအသေချာပင်။

ဆိပ်ကမ်းကမီးရောင်စုံများဖြင့်အလွန်လှပနေသည်၊ဈေးတန်းကိုအထင်သေး၍မရပေ၊
ရှေ့ဟောင်းပစ္စည်းအမျိုးစုံကိုတွေ့နိုင်သည်။

‌ခင်းကျင်းထားသောပစ္စည်းများထဲမှရင်ထိုးတစ်
ခုက Victory ရဲ့စိတ်အာရုံကိုဖမ်းစားသွားသည်။

" ဦးလေး ဒါဘယ်လောက်လဲ "

ဈေးသည်ဦးလေးကမျက်နှာချိုချိုဖြင့်
လက်နှစ်ချောင်းထောင်ပြလေသည်။

BLOOD DIARY  ( Complete )Donde viven las historias. Descúbrelo ahora