Unicode
"ဒါဆို Jeon က သင်္ဘောဆိပ်မှာကျွန်တော့်ကိုစတွေ့တည်းကမြို့တော်၀န်ရဲ့သားမှန်းသိနေခဲ့တာလား"
မြို့တော်၀န်ရဲ့သားဆိုတာ Ian ကြိုသိထားကတစ်ကြောင်း၊ချစ်ရတဲ့သူဖြစ်နေတာမို့ Kim အနောက်ကအမြဲလိုက်ပြီးသူအကဲခတ်နေမိခဲ့တာပင်။
"ဟုတ်တယ် ဒါပေမဲ့ ကိုယ့်အစီစဉ်ထဲမှာ Kim ကိုအသုံးချဖို့တစ်ခုမှမပါပါဘူး Kim သာ မြို့တော်၀န်နဲ့အတူဗြိတိသျှတွေကိုလက်တွဲနေတယ်ဆိုလည်း ကိုယ်အကုန်လုံးကိုလက်လွှတ်ပြီး Kim ကိုအဝေးတစ်နေရာဆီဖမ်းခေါ်သွားလိုက်မှာ ကိုယ်နဲ့အတူနေဖို့အတွက်ပေါ့"
Kim သာ သူနဲ့ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါရင်လည်းတကယ်ပင်အကုန်လုံးကိုစွန့်လွှတ်ပစ်ပြီး Kim နဲ့အတူရှိဖို့ကိုပဲ Jungkook ရွေးချယ်မိမှာထင်သည်။
"ဗြိတိသျှတွေနဲ့လက်တွဲဖို့နေနေသာသာအဖေဖြစ်တဲ့မြို့တော်၀န်ဆီကပါကျွန်တော်ကထွက်ပြေးချင်နေတာပါနော် အဲ့တာကို Jeon မသိပဲနဲ့"
"ကိုယ်သိပါတယ် အဲ့တာကြောင့်လည်း ကိုယ် Kim ကို မလိမ်ပဲ ကိုယ့်အကြောင်းပြောပြတာပါ"
"ဒါပေမဲ့ Jeon အကြောင်းတွေကို အဖေသိနေတယ်ထင်တယ်နော် ကျွန်တော့်ကို Jeon ကြောင့်မင်းဒုက္ခရောက်လိမ့်မယ်တဲ့ အဖေ့ကိုသတိထားပါ Jeon ကျွန်တော့်ကိုစိတ်ပူရအောင်မလုပ်ပါနဲ့"
အဖေ့ကြောင့် Jeon သာတစ်ခုခုဖြစ်သွားခဲ့ရင်အဖေ့ကိုသေတဲ့အထိခွင့်လွှတ်နိုင်မယ်လို့မထင်ပါ။
"ကိုယ်ကတိပေးတယ် မြို့တော်၀န်ကိုသတိထားပြီးနေမယ် ပြီးတော့ Kim စိတ်ပူရအောင်ကိုယ်မလုပ်ဘူး နော် ဒါလင်"
"အင်း Jeonကို ကျွန်တော်ယုံတယ်"
"အခုအိပ်ချင်အိပ်တော့ ကိုယ်တို့သွားမဲ့နေရာကိုရောက်ဖို့ကလိုသေးတယ် ကိုယ်နှိုးမယ်"
Jungkook လက်ကိုဆုပ်ကိုင်ကာခုံကိုမှီရင်း Taehyung မျက်၀န်းတွေကိုမှိတ်ချလိုက်သည်။
BLOOD DIARY
တစ်ဖက်ကမြို့တော်၀န်မှာမိန်းမကောသားပါစံအိမ်မှာမရှိတော့တာကြောင့်ပေါက်ကွဲနေပြီ၊သင်္ဘောဆိပ်ကိုသွားတယ်ဆိုလို့စုံစမ်းကြည့်တော့လက်မှတ်နှစ်စောင်ဖြတ်သွားပါတယ်တဲ့။
VOCÊ ESTÁ LENDO
BLOOD DIARY ( Complete )
FanficJeon JungKook × Kim TaeHyung TopKook / Vottom KookV Myanmar Fanfiction Zawgyi + Unicode ( Own creation ) #SnowBear