အခန်း(၁၀)

1.7K 103 0
                                    

တွင်းစခန်းတွင် နှစ်ညအိပ်ပြီး သုံးရက်မြောက်နေ့သို့ ရောက်သောအခါ သူ့တို့ အားလုံး ပြန်ဖို့ပစ္စည်းများ သိမ်းပြီးပြီ။ ထိုအချိန်တွင် မမွန်မွန်သော်မှတပါး အခြားသော ဝန်ထမ်းများနှင့်ခင်မင်ရင်းနှီးပြီးသား ဖြစ်နေပြီ။

သူတို့ အားလုံးသည် ဖေဖေ့တပည့်များ ဖြစ်ခဲ့ကြသည်။ သူတို့ အားလုံးပင် ဖေဖေ့ကို ချစ်ခင်လေးစားကြသည်။ ဖေဖေ အလုပ်နားသည့်ကိစ္စ၊ ရေထွက်ပစ္စည်း မွေးမြူရေးလုပ်ငန်း ကုမ္ပဏီထောင်သည့်ကိစ္စ၊ ဖေဖေ၏ သွေးတိုးရောဂါ သက်သာရာရသွားသည့်ကိစ္စအားလုံးကို သူ့နှင့် ဆွေးနွေး စကားပြောရင်း ရင်းနှီးမှုရခဲ့သည်။ ဘယ်သူနှင့်မဆို ခင်မင်ရင်းနှီးဖို့ ဝန်မလေးသော သူ့သည် နှစ်ရက်အတွင်းမှာပင် စခန်းတစ်ခုလုံးမှ လူအားလုံးလိုလိုနှင့် ခင်မင်ခဲ့သည်။

"မသူ့ထက်သာ က တစ်‌ယောက်ထဲ  မဟုတ်လား၊ ကျွန်တော့်ညီမလေးကချောတယ်ဗျ၊ စာလဲ သိပ်တော်တယ်"
(ကိုခင်မောင်အုန်း၏ အ‌ပြော၊ သူ့ရဲ့ ဖြစ်တည်မှုနဲ့ ပေါ့ပါးလွတ်လပ်စွာ အမျိုးသားဆန်ဆန် နေထိုင်မှုကိုလည်း နားလည်ပေးကြရုံမျှမက ညီမပါ လာပေးနေသော ကိုခင်မောင်အုန်းပါ)

သူ့ ပြုံးနေသောအခါ သူ့ကို မမွန်မွန်သော်က ခပ်တည်တည်လှမ်းကြည့်နေခဲ့သည်။

သူ့ကို အဖွဲ့သားအားလုံးက အရောင်းကိုယ်စားလှယ် တစ်ယောက်အဖြစ် သဘောမထားဘဲ ဆရာ ဦးထက်မြတ်၏ သမီးအဖြစ်သာ သဘောထားကြသည်။ အမျိုးသမီးအဖွဲ့ထဲတွင် အသက်အကြီးဆုံးက မမေယုခိုင် ဖြစ်သည်။ အားလုံးက သူမကို မာမီဟု ခေါ်သဖြင့် ပထမတွင် သူ့အံ့သြမိသေး၏။ သို့သော် နောက်ပိုင်း သူ့ကပါ မာမီဟု တရင်းတနှီး ခေါ်ရလောက်အောင် ရင်းနှီးခင်မင်ခဲ့လေသည်။ အမျိုးသမီးအားလုံး ခုနှစ်ယောက်ဖြစ်ပြီး ထိုအထဲမှာ အိမ်ထောင်ကျပြီးသော အမျိုးသမီးဝန်ထမ်းနှစ်ယောက်ပါကြောင်း သူ့ သိရသည်။

ကံကောင်းထောက်မစွာ ထိုနှစ်ယောက်ထဲတွင် မမွန်မွန်သော် မပါဝင်ပါ။ နာမည်တွေကိုတော့ သူ့ ရောထွေးနေဆဲဖြစ်၏။ မမေယုခိုင်နှင့် မမွန်မွန်သော်ကလွဲလျှင် ကျန်သည့် အမျိုးသမီးများကို နာမည်မှန်အောင် မခေါ်နိုင်သေးဘဲ ဖြစ်နေသည်။ တစ်ခါတစ်ခါ တင်အေးရီဟု ခေါ်မိသူက ကြည်ကြည်မြင့် ဖြစ်နေပြီး ခင်ပြုံးလွင်ဟု ခေါ်မိသူက ချိုမွှေး ဖြစ်နေတတ်သည်။ အားလုံးက ဝိုင်းဟားတော့ သူ့ နည်းနည်း ရှက်သွားကာ နာမည်မခေါ်ဘဲ စကားပြောဖို့ ကြိုးစားရတော့သည်။

Essential (Completed)Where stories live. Discover now