အခန်း(၁၁)

1.5K 94 1
                                    

တနင်္လာနေ့ နံနက် ၁၀ နာရီခွဲတွင် သူ့ ရန်ကုန် ပြန်ရောက်သည်။ အိမ်မှာ ရေချိုး၊ ထမင်းစားပြီး ရုံးသို့ ထွက်ခဲ့ရ၏။ ရုံးရောက်တော့ နေ့လယ် ၁၂ နာရီ ခွဲပြီးနေပြီ။ ဖေဖေအပါအဝင် လူကြီးများ နေ့လယ်စာ သွားစားနေကြချိန်ဖြစ်၍ သူ့စားပွဲတွင် တင်ထားသော ငါးစာထုတ်လုပ်မှု စာရင်းဇယားကို စိတ်မပါစွာ ဖတ်နေလိုက်လေသည်။

ဖေဖေ ဤကုမ္ပဏီသို့ ဝင်ရောက်လာချိန်မှစ၍ ယခင်က သူ့အခန်းကလေးမှာ ဖေဖေ့အခန်းဖြစ်သွားသည်။ ထိုအခါ သူ့အလုပ်စားပွဲသည် ဇာခြည်တို့ စားပွဲများနည်းတူ ရုံးခန်းမထဲတွင်ရောက်သွားလေသည်။ ခဏကြာတော့ ဖေဖေနှင့်အတူ ဇာခြည်တို့သားအဖပါ အတူတူ ဝင်လာကြသည်။

စားပွဲမှာ သူ့ ထိုင်နေတာမြင်တော့ ဇာခြည်က ချိုမြစွာပြုံးရယ် နှုတ်ဆက်လေသည်။

"ဟာ... မမ ပြန်လာပြီ။ ဇာခြည့်ဖို့ မန္တလေးထိုးမုန့် ပါရဲ့လားဟင်"

သူ့ အနည်းငယ် ပြုံး၍ ခေါင်းယမ်းလိုက်၏။

"တွင်းတောင် သွားတာ မန္တလေး သွားတာမှမဟုတ်ဘဲ"

ဇာခြည်က မျက်နှာကလေး ရှုံ့ပြီး ရယ်၏။

"ဒါပေမယ့် မန္တလေးကနေ ဖြတ်သွားရတာပဲ ဥစ္စာ မမကလဲ"

ဇာခြည့် အဖေက ခပ်ပြုံးပြုံးပင် သူ့ သမီးခေါင်းကို ပုတ်လျက် အခန်းထဲဝင်သွား၏။ သူ့၏ စားပွဲနားမှာ ရပ်ကျန်ခဲ့သူက ဖေဖေဖြစ်သည်။

"အဆင်ပြေရဲ့လား သူ့"

"ဟုတ်ကဲ့"

ဖေဖေ ထွက်မသွားသေးပါ။ သူ့ကို စူးစမ်းသလို ကြည့်လျက်ရှိသည်။ . ရန်ကုန်မှာကတည်းက Nites Filtre Cloth ကိုတစ်ဆယ်မီတာ ဝယ်ယူမည်ဖြစ်ကြောင်း ဖေဖေ သိထားသောကြောင့် လည်းကောင်း၊ တွင်းတောင်ကို ယခင်က တစ်ခေါက် ရောက်ဖူးထားသောကြောင့် လည်းကောင်း တွင်းစခန်း အတွေ့အကြုံကို ဖေဖေစိတ်ဝင်စားမှာ မဟုတ်ဟု သူ့ ထင်ခဲ့သည်။ သူ့ ထင်မြင်ချက် မှားသွား၏။

"မွန်မွန်သော်နဲ့ရော တွေ့ခဲ့ရဲ့လား.."

"ဗျာ.."

သူ့ ဗြန်းခနဲ ဆွံ့အစွာ ဖေဖေ့ကို မော့ကြည့်မိသည်။ ဖေဖေမျက်နှာက တည်ငြိမ်နေသည်။ သူ့ ဘာပြောရမှန်း မသိအောင် ဖြစ်သွားပြီးမှ

Essential (Completed)Donde viven las historias. Descúbrelo ahora