အခန်းပို

4.4K 198 11
                                    

မမသော် ရန်ကုန်မှာရှိတုန်းလေး အတူလျှောက်လည်ဖြစ်ကြတယ်။ ဒီနေ့ ရွှေတိဂုံဘုရားသွားဖူးပြီးအပြန် ကန်တော်ကြီးထဲ ခဏဝင်ကြတယ်။

"မမသော်..."

သူ့ခေါ်လိုက်တော့ မမသော်က လှည့်ကြည့်လာတယ်။
"ပြောလေ ... မြတ်"

"မမသော်...သူ့ကို ဘာလို့ မြတ်လို့ ခေါ်တာလဲ၊ ပြီးတော့လေ သူ့ကို ချစ်တယ်လို့ မမသော် ပါးစပ်ကနေ ပြောပေးနိုင်မလားဟင်၊ သူ့အခုထိ အိပ်မက်လို့ ထင်နေလို့ပါ"

မမသော်က ရှက်ပြုံးလေး ပြုံးပြီး သူ့ကို ကြည့်နေတယ်။

"ဒါဆို မမက ပြန်မေးမယ်၊ မြတ်ကကော သူများတွေခေါ်သလို မမမွန်လို့ မခေါ်ဘဲ ဘာလို့ မမသော်လို့ ခေါ်တာလဲ"

"ဟာ... မမသော်ကလည်း အဲ့ဒါ သူတို့နဲ့ မတူချင်လို့လေ သူ့တစ်ဦးတည်းရဲ့ မူပိုင်ဖြစ်ချင်လို့"

"မမလည်း အဲ့လို့ပဲပေါ့၊ သူများတွေနဲ့ မတူချင်လို့"

"ဒါဆိုလည်း သူ့ကို ဘယ်သူမှမခေါ်ဖူးတဲ့ နာမ်စားလေးနဲ့ ခေါ်ပါလား"

"ဟင်... ဘယ်လိုခေါ်ရမှာလဲ"

"မောင်...လို့လေ"

"ဟာ... ရှက်စရာကြီး၊ မခေါ်ချင်ပါဘူး။"

မမသော်က ရှက်ပြီး ခေါင်းလေးငုံသွားတယ်၊ ပြီးတော့ အသံတိုးတိုးနဲ့ ပြောရှာတယ်။

"အမှန်အတိုင်း ဝန်ခံရရင် မြတ်နဲ့ ဒီအခြေအနေထိ ရောက်ဖို့ မမရဲ့ တစ်သက်လုံး ထိန်းသိမ်းခဲ့တဲ့ စည်းမျဉ်းတွေ၊ ချုပ်ထိန်းခဲ့တဲ့ ခံစားချက်တွေ၊ ဂုဏ်သိက္ခာတွေကို တော်လှန်ခဲ့ရတာပါ။ ဘွားဘွားက နားလည်ခွင့်ပြုပေးပေမယ့် မမကြောက်နေတာ အမှန်ပဲ။ မေမေတို့ မမတို့လို မမသော် မခံစားပါရစေနဲ့..."

သူ့ မမသော်ကို အသာအယာဆွဲယူပြီး ရင်ခွင်ထဲ ထည့်ထားလိုက်တယ်။

"သူ့ကို လက်ခံပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ရသလို၊ အရမ်းလည်း မြတ်နိုးရပါတယ် မမသော်၊ စိတ်ချပါ... မမက သူ့ဘဝအတွက် မရှိမဖြစ် Essentialအဖြစ်ဆုံး သူဖြစ်တာမို့ မမအနားမှာ သူ့အမြဲတမ်း ရှိနေမှာပါ၊ မပြောင်းလဲတဲ့ ချစ်ခြင်းမေတ္တာတွေအပြင် အကြင်နာ၊ သစ္စာတွေနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းကြမယ်နော်..."

မမသော်က သူ့ရင်ထဲကို ပိုတိုးဝင်လာပြီး
"မမဘဝမှာ ဒီလိုချစ်မေတ္တာတွေ ခံစားရလိမ့်မယ်လို့ တခါမှ မတွေးမိခဲ့ဘူး၊ မမရဲ့ ငြင်းဆန်မှုတွေကို သည်းခံနားလည်ခွင့်လွှတ်ပေးခဲ့တဲ့ မောင့်ရဲ့ မေတ္တာတွေကြောင့် အရမ်းကြည်နူးပျော်ရွှင်ရပါတယ်၊
အရမ်းချစ်ရပါတယ်... မောင်ရယ်"

သူ့ အရမ်းပျော်သွားတယ်၊ မမသော်ကလေ... အရမ်းမာနကြီးပြီး ခပ်‌ချေချေနေခဲ့တဲ့ သူ့ရဲ့ မမသော်က "မောင်..."တဲ့၊
ကျေနပ်လွန်းလို့ သူ့ပါးစပ်ကြီး နားရွက်တက်ချိတ်တော့မလားပဲ...

"မောင်တို့ရဲ့ အနာဂတ်လေးမှာ အေးချမ်းပျော်ရွှင်ရပါစေမယ်၊ မောင်အများကြီး ကြိုးစားပါမယ် မမသော်၊ မောင်ကလည်း မမကို အများကြီး ချစ်ပါတယ်"

ကန်တော်ကြီးထဲက ခုံတန်းလေးမှာ တစ်ယောက်နဲ့တစ်ယောက် ဖက်ပြီး ချစ်ကြည်နူးနေတဲ့ အချစ်မောင်နှံလေးကြောင့် အရာရာဟာ သာယာလှပစွာနဲ့...

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Sep 18, 2023 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Essential (Completed)Tempat cerita menjadi hidup. Temukan sekarang