Chapter-1

13.7K 319 5
                                    

//နောင်တတရားမရှိသော အစပျိုးခဲ့ခြင်းများ//

တိုက်ခန်း၏အတွင်းပိုင်း၌ အရာအားလုံးသည်ကား ဗလာကျင်းဖြစ်နေခဲ့သယောင်ပါ။ ဗလာကျင်းဖြစ်နေသည်ဆိုခြင်းက အရာဝတ္ထုပစ္စည်းများအား ရည်ညွှန်းနေခဲ့ခြင်းတော့ မဟုတ်တန်ရာ။

ဟယ်ရီ၏စိတ်နှလုံးသားအစုံထံ ခံစားချက်များက ဟင်းလင်းပြင်ကဲ့သို့ ဖြစ်နေခြင်းပါ။ ဟယ်ရီသည် သူ့အရှေ့၌ရှိသူကိုပင် ဒေါသတကြီးစိုက်ကြည့်ပစ်လိုက်မိ၏။ထိုလူကမူ ဟယ်ရီ့အား စူးစိုက်ကာ ပြန်ကြည့်လာမည်ဆိုသည်ကိုလည်း ပြောပြနေစရာပင် မလိုတော့ပါချေ။

"အဲဒီ့မိန်းမက ဘယ်သူလဲ"

"မင်းဘာကိုပြောချင်တာလဲ ဟယ်ရီ"

ခွန်းတုံ့ပြန်လာသော အမေးကြောင့်..ဟယ်ရီကအော်ရယ်လိုက်မိသည်။ပတ်ဝန်းကျင်က တိတ်ဆိတ်နေလို့ပဲလား၊သို့မဟုတ် တိုက်ခန်းက လုံနေလို့ပဲလားတော့မသိပါ။ဟယ်ရီ၏ရယ်သံများက ဟိန်းခနဲထွက်လာခဲ့သည်။

ရယ်သံများကိုကြားရခိုက်တော့ မင်းပိုင်စိုးသူ, လည်း လန့်သွား၏။ဟယ်ရီက အနေအေး၏။
သူ့အပေါ်ဆို အမြဲပင် အရှုံးပေးတတ်သူဖြစ်သည်။ယခုမူတော့ မတူ၊မတူတော့ချေ။ဟယ်ရီက သူ့ပုံစံများနှင့်မတူစွာ ကွဲထွက်နေသည်ပဲလေ။

မင်းပိုင်စိုးသူ,ကလည်း စကားပြောဖို့ရာ ကြိုးစား
ပါသေးသည်။သို့သော်ငြားလည်း အချည်းနှီးသာ။

"ဟယ်ရီ..ငါ.."

"မင်းပါးစပ်ကို ပိတ်ထားလိုက်..ငါမေးတာကိုပဲ
မင်းဖြေပေးစမ်းပါ"

"မင်းဘာဖြစ်နေတာလဲ ဟယ်ရီ၊ဟမ်..မင်းပုံစံကို မှန်ထဲသွားကြည့်စမ်း..အလကားနေ

ပြဿနာမရှိ ပြဿနာလာရှာနေတာပဲကွ"

"ပြဿနာမရှိဘူးလို့ မင်းကဆိုလိုချင်တာလား..
မင်း ပိုင် စိုး သူ.."

ဟယ်ရီက ပိုင်စိုး၏အင်္ကျီကော်လံစကိုဆွဲရင်း
နာမည်ကို အံကြိတ်လျက် ပီသစွာပင်ဖိခေါ်လာ
တော့သည်နှင့်တစ်ပြိုင်နက်တည်း ဟယ်ရီ့ကို မျက်နှာကြောတင်းတင်းဖြစ်စေသော ဒေါသများကြောင့် ပိုင်စိုး,သူ့ကိုယ်သူလည်း မလုံမလဲဖြစ်လာ
ရတော့သည်။

A Forgotten Love(Book Ver)Where stories live. Discover now