Chapter -28

168 7 0
                                    

//ဒီလမ်းခွဲမှာ မင်းရှေ့ဆက်သွားတဲ့အခါ..
ကိုယ်ကတော့ ရပ်ကျန်နေခဲ့မယ်ဟန်နီ//

အစဉ်အလာမပြတ် ပိုင်ကတော့ ဟယ်ရီ့နောက်သို့လိုက်လာနေပြန်သည်။မကြာခင် မတွေ့ရတော့မည့် သူတွေလည်းဖြစ်လို့ ဟယ်ရီ,မောင်းလည်းမထုတ်ဖြစ်တော့ပါ။

သည်နေ့တော့ စာအုပ်ဆိုင်သို့ ဟယ်ရီသွားဖြစ်ခဲ့သည်။ဒါကလည်း ပိုင်နှင့် အမှတ်တရများ ရှိခဲ့သည့်နေရာတစ်ခုသာဖြစ်ပါ၏။

ဟယ်ရီသည် သူဖတ်ချင်သော စာအုပ်များကိုရွေးနေပြီး ပိုင်ကတော့ ကူသယ်ပေးကာ ကြိမ်စားပွဲပေါ်သို့ သွားတင်ပေးနေသည်။

"ကိုယ်ဖျော်ပေးမယ် ဟယ်ရီ၊သွား စာအုပ်သွားဖတ် နေလေ"

ကော်ဖီဖျော်သောက်ဖို့လုပ်တော့ ပိုင်က ဖျော်ပေးဖို့လုပ်၏။ဟယ်ရီက ဘာမှမပြောတော့ဘဲ ကြိမ်ကုလားထိုင်ပေါ် ထိုင်လိုက်ရင်း စာအုပ်ကိုသာ စဖတ်ဖြစ်နေပြီး ပိုင့်ကိုလည်း သူလှန်းလှန်းကြည့်နေမိတော့သည်က အခါခါရယ်။

ဆိုင်အတွင်း၌ ကျွန်းရောင်သစ်သားပြားတို့နှင့် အလှဆင်ထားပြီး၊မီးသီးမှ ဝါဖန့်ဖန့်အလင်းရောင် တို့ဖြင့် လင်းနေသည်။ဘွန်ဇိုင်းပင်များလည်း ရှိကာ၊ဂန္ဓမာဖြူ ဖြူတို့ကိုလည်း ကြွေထည်ပန်းအိုး အကြီး၊အငယ်တို့ဖြင့် သေသပ်စွာ အလှဆင် ထိုးထားကြသည်။

သစ်သားခေါက်ကုလားထိုင်ဘေးတွင် ရှေးခေတ် ကြိုးဖုန်းတို့ကိုလည်း ခင်းကျင်းအလှပြထားသည်။မြန်မာ့တူရိယာဖြစ်သော စောင်းကိုလည်း ထည်ထည်ဝါဝါထားရှိထားသေး၏။

ဟယ်ရီသည် အသာငေးကြည့်ဖြစ်တော့ သူ့အရှေ့စားပွဲပေါ်သို့ ကော်ဖီခွက်ကပင် ရောက်နေနှင့်ခဲ့ပြီ။

"မင်းရဲ့ဘွန်ဇိုင်းပင်တွေလည်း နေကောင်းတယ်ဟယ်ရီ"

ပိုင့်ကို မျက်လုံးလှန်ကြည့်ဖြစ်ပြီး ခွန်းတုံ့တော့မပြန်မိချေ။စာအုပ်ကို ဆက်ပြီးဖတ်တော့ ပိုင်က ငေးကြည့်နေမှန်း သိသာပါ၏။ဒါကိုပင် ဟယ်ရီဟာ မသိချင်ယောင်ဆောင်ရပြန်သည်။

ပိုင်က သိပ်ကို ရဲတင်းလွန်းမနေဘူးလား။စာအုပ်လည်းမဖတ်၊ကော်ဖီလည်း မသောက်ပါဘဲ လက်ကိုပိုက်၊ခြေထောက်နှစ်ဖက်ကို ခုံပေါ်တင်၍ တင်ပလ္လင်ခွေထိုင် နေတာလည်းဖြစ်၏။ဟယ်ရီ့ကို ခိုးကြည့်သည်လည်းမဟုတ်၊ပေါ်ပေါ်ထင်ထင် မမှိတ်မသုန် စိုက်ကြည့်နေခြင်းသာဖြစ်ပါ၏။

A Forgotten Love(Book Ver)Onde histórias criam vida. Descubra agora