Chapter-48

202 8 0
                                    

//နည်းနည်း၊များများ..မင်းကိုထိခိုက်စေတာနဲ့တင် ဒီလူမှာ ရူးတော့မလို//

ပိုင်က လဲကျသွားသည့်အရှိန်ကြောင့်၊ခြေထောက်ခေါက်သွားပြီး ရောင်ကိုင်းလာသည်ကိုပင် ကြည့်ရင်း ဟယ်ရီ့မှာ မျက်နှာပျက်နေတော့၏။ဆေးခန်းပြပြီး ပြန်လာတော့လည်း ပိုင်ကလန့်သွားသည့် အရှိန်နှင့်ပေါင်းကာ ဖျားနေသည်ပင်။ပိုင့်အား ကြက်ပေါင်းရည်ခွံ့တိုက်နေသော ဟယ်ရီသည် မပြုံးနိုင်၊မရယ်နိုင်လည်း ဖြစ်နေရှာ တော့သည်။

"ဟယ်ရီ..အရမ်းစိတ်ပူသွားလား"

"ဟင့်အင်း ငါရူးသွားမှာပိုင်ရ။မင်းဒီလောက်လေးပဲဖြစ်တာတောင် ငါ့မှာရူးမလိုပဲ။ငါက ပိုင့်ကို.."

ရှိုက်မိသွားကာ စကားဟာလည်းတစ်ဝက်တစ်ပျက်ဖြစ်သွား၏။ပိုင်က ဟယ်ရီ့ကို သူ့ရင်ခွင်ထဲ ပွေ့ဖက်မိတော့ ငြိမ်ခံတာလည်းဝမ်းပန်းတနည်းရယ်။ပိုင့်ခါးကိုပွေ့ဖက်လာရင်း ပိုင့်ရင်ခွင်ထဲသို့ တိုးဝင်လာသည့် ဟယ်ရီက မျက်ရည်လည်းကျနေခဲ့သည်။

သားကတော့ ပိုင့်ဘေးမှာ ပုံ့ပုံ့လေးထိုင်နေရင်း ဟယ်ရီ့ကျောကိုပင် လက်သေးသေးလေးဖြင့် လှမ်းပွတ်ပေးနေသည်က စိတ်မကောင်းဟန်လည်းရှိ လှသည်။

"ဟီရယ်ရေး သနားပါရယ်ဖေနယ်။တောက်တောက် စိတ်တောင်ကောင်းဘူး"

"ကြားလားဟန်နီ..သားကတောင်စိတ်မကောင်းဖြစ်နေပြီ။ကိုယ်က နည်းနည်း.."

"လာပြန်ပြီ ဒီနည်းနည်း။မင်းဆီမှာ ပွန်းပဲ့ရာလေးဖြစ်ရင်တောင် ငါဘယ်လောက်ထိစိတ်ပူတတ်လဲ မင်းမသိဘူးလားပိုင်။

အခုကြည့်စမ်း..မင်းခြေထောက်ကို ကြည့်လိုက်စမ်း။ပတ်တီးစည်းထားရတာက အလှလား။မင်းဖျားနေတာကရော ဟန်ပြလား။နည်းနည်း၊များများ မင်းကိုထိခိုက်စေတယ်ဆိုတဲ့စိတ်နဲ့တင် ငါ့မှာ ဘယ်လောက်တောင်ခံစားနေရလဲ မင်းမသိဘူးလား"

ဟယ်ရီ့လေသံက မာမာတင်းတင်းလည်းဖြစ်နေတော့ သားခန္ဓာကိုယ်လေးကပင် တုန်တက်သွားသည်။ပိုင်က အဖျားလည်းရှိတော့ သားကိုလည်းမချီမိ။သားက ဘာမှမပြောဘဲ ကုတင်ပေါ်မှဆင်းသွားရင်း အခန်းပြင်ကိုပင် ပြေးထွက်သွားသည်က လုံးလုံးကလေးရယ်။ဟယ်ရီက လေသံမာနေလို့လည်း ပိုင်,စိတ် မဆိုးမိပါ။ဒါက စိတ်ပူခြင်းနှင့် စိုးရိမ်ခြင်း၏ ကရုဏာဒေါသမှန်း ပိုင်သိပါသည်။

A Forgotten Love(Book Ver)Место, где живут истории. Откройте их для себя